ကချင်ပြည်နယ် ယဉ်ကျေးမှုပြတိုက်

ကချင်ပြည်နယ် ယဉ်ကျေးမှုပြတိုက် သည် ကချင်ရိုးရာ ဝတ်စုံများ၊ ရက်ကန်းစင်များနှင့် ယက္ကန်းများ၊ ရတနာနှင့် ငွေထည်များ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ ဂီတတူရိယာများ၊ လက်နက်များနှင့် ကချင်လူမျိုးများ၏ အိမ်ပုံစံများ စသည်တို့ကို ပြသထားသည့် ပြတိုက်တစ်ခု ဖြစ်သည်။ ၎င်းသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အောင်ဆန်းလမ်းနှင့်သခင်နတ်ဖေလမ်းကြား၊ အမှတ် - ၃ တွင် တည်ရှိသည်။[၁]

ကချင်ပြည်နယ် ယဉ်ကျေးမှုပြတိုက်
တည်ထောင်ခြင်း၆ နိုဝင်ဘာ ၁၉၉၄; ၂၉ နှစ် အကြာက (၁၉၉၄-၁၁-06)
တည်နေရာMyitkyina, Kachin State, Myanmar
အမျိုးအစားCultural Museum
ပိုင်ဆိုင်သူMinistry of Religious Affairs and Culture (Myanmar)

၁၉၉၄ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ဝင်ကြေးသည် အမေရိကန်ဒေါ်လာ ၂ ဒေါ်လာ ကျသင့်သည်။ ဖွင့်ချိန်မှာ မနက် ၁၀ နာရီမှ ညနေ ၃နာရီ ၃၀ မိနစ် အထိ (အင်္ဂါနေ့မှ တနင်္ဂနွေနေ့အထိ) ဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်

  1. New Page 1 Archived 2008-12-09 at the Wayback Machine.