ကတွက်ပေါက် ဗျိုင်းစောင့်
ကတွတ်ပေါက် ဗျိုင်းစောင့် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။
ရှင်းလင်းချက် ပြင်ဆင်ရန်
ဗျိုင်းသည် ကတွတ်ပေါက်မှ ထွက်လာမည့် ငါးကို ဖမ်းရန် စောင့်မျှော်နေသကဲ့သို့ အခွင့်အလမ်းတစ်စုံတစ်ရာကို မျှော်လင့်ခြင်းကြီးစွာဖြင့် စောင့်ကြည့်နေသည်။
အခြားအသုံးအနှုန်း ပြင်ဆင်ရန်
- ကတွတ်ဝ ဗျိုင်းစောင့်။
- ဆည်ဝ ဗျိုင်းစောင့်။
မူလရင်းမြစ် ပြင်ဆင်ရန်
တစ်ဦးတစ်ယောက်သည် အခြားပုဂ္ဂိုလ် တစ်ဦးတစ်ယောက်အား တွေ့ဆုံလိုသဖြင့်... ပုဂ္ဂိုလ်လာသော လမ်းမှ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရလျှင် ကတွတ်ပေါက် ဗျိုင်းစောင့် နေရသည်ဟု ဆိုစမှတ်ပြုကြလေသည်။ [၁၃၂၈] ဘာသာစာ။ ၂၄၂။