သင်္ချာတွက်ချက်မှုအချို့အတွက် သုံးရမည် ဖြစ်သော်လည်း တကယ်တည်ရှိသော ကိန်းစစ်များ (real numbers)နှင့် အပေါင်းအနုတ် တိုက်ရိုက်မပြုနိုင်ဘဲ စိတ်ထဲတေးမှတ် တွက်ချက်ရသည့်နှယ် ဖြစ်နေ၍[၁] ကိန်းတေး (imaginary number) ဟု အမည်ပေးနိုင်သည်။ i ဟု ကိုယ်စားပြု ပြဆိုကြသည်။ ၎င်းသည် ဟူသော နှစ်ထပ်ကိန်း ညီမျှခြင်း၌ ၏ တန်ဖိုးဖြစ်နေမည်။ ဆိုလိုသည်မှာ -1 (အနုတ် 1) ၏ နှစ်ထပ်ကိန်းရင်းမှာ +i သို့မဟုတ် -i ဖြစ်အံ့။

ဤပုံ၏ အလျားလိုက်သော ဝင်ရိုးသည်သာ တကယ်ရှိသော ကိန်းစစ်များကို ကိုယ်စားပြုသည်။ ၎င်းပေါ်သို့ ထောင်လိုက် ကျနေသော ဝင်ရိုးမှာ ကိန်းတေး i အတွက် ဖြစ်သည်။ သင်္ချာတွက်ချက်မှုအချို့အတွက် သုံးရမည် ဖြစ်သော်လည်း တကယ်တည်ရှိသော ကိန်းစည်များနှင့် အပေါင်းအနုတ် တိုက်ရိုက်မပြုနိုင်ဘဲ စိတ်ထဲတေးမှတ် တွက်ချက်ရသည့်နှယ် ဖြစ်နေ၍ ကိန်းတေးဟု အမည်ပေး၏။

a+bi ဟူသော တစ်ခုလုံးကို ကိန်းထွေး (complex number) ဟု ခေါ်နိုင်သည်။ အကြောင်းမှာ a ဟူသော ကိန်းစစ်အပိုင်း (real part) နှင့် ဟူသော bi ဟူသော ကိန်းတေးအပိုင်း (imaginary part) ကို ရောထွေးပေါင်းစပ်ထားခြင်းကြောင့် ဖြစ်သည်။ ကိန်းရောဟူသည်မှာမူ ကိန်းပြည့်များနှင့် အပိုင်းကိန်းများကို ရောနှောရေးသားထားခြင်း ဖြစ်၍ ကိန်းရောနှင့် ကိန်းထွေး အသုံးအနှုန်းတို့ကို သတိပြုသင့်သည်။

အကိုးအကား ပြင်ဆင်ရန်

  1. Quantum Physics of Atoms, Molecules, Solids, Nuclei, and Particles by Robert Eisberg and Robert Resnick