ကိုလံဘိုပင်လယ်ဆိပ်ကမ်းပြတိုက်

ကိုလံဘိုပင်လယ်ဆိပ်ကမ်းပြတိုက် (වරාය අධිකාරය මූදුබඩ කෞතුකාගාරය ) သည် သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့၊ ကိုလံဘိုဆိပ်ကမ်းအနီး၊ 19 Chaithya လမ်းတွင် တည်ရှိသည့် ပြတိုက်တစ်ခု ဖြစ်သည်။

Sri Lanka Ports Authority Maritime Museum
Entrance of Sri Lanka Ports Authority Maritime Museum
တည်ထောင်ခြင်းAugust 2003
အမျိုးအစားMaritime history
တည်ထောင်သူSri Lanka Ports Authority

ယခင်က ဒတ်ချဒ်အကျဉ်းထောင်အဖြစ ၁၆၇၆ တွင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ ဤအဆောက်အဦသည် ကိုလံဘိုဆိပ်ကမ်းဧရိယာတွင် ကျန်ရှိနေခဲ့သည့် တစ်ခုတည်းသော အဆောက်အဦ ဖြစ်သည်။[၁] အဆောက်ဦကို အရောင်တင်ကာ မွမ်းမံခြင်း၊ ရှေးဟောင်းလက်ရာများကို ပြုပြင်ခြင်း လုပ်ငန်းများကို Rs 25 သန်း ကုန်ကျစရိတ်ဖြင့် လုပ်ဆောင်ခဲ့သည်။ [၂] ဆိပ်ကမ်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး M. H. M. Ashraff သည် လုပ်ငန်းစဉ်များတွင် ဖွံ့ဖြိုးတိုးတက်မှု၊ ပြန်လည်ပြင်ဆင်ခြင်း၊ မွမ်းမံခြင်းများ လုပ်ဆောင်ခဲ့သည်။ ၂၀၀၃ ခုနှစ်၊ ဩဂုတ်လတွင် ဆိပ်ကမ်းကုန်သွယ်ခြင်း၊ ဆိပ်ကမ်းများ တိုးတက်ရေးနှင့် အရှေ့ပိုင်းနှင့် မူဆလင်ဘာသရေးအဖွဲ့ ဝန်ကြီး , Rauff Hakeem က တရားဝင်ဖွင့်လှစ်ပေးခဲ့သည်။ [၃]

သီရိလင်္ကာပင်သမုဒ္ဒရာပတ်ဝန်းကျင်နှင့် စပ်ဆက်နေ့သည့် သမိုင်းဝင်ပစ္ည်းများ၊ ဆိပ်ကမ်းပစ္စည်းများ၊ ရေကြောင်းဆိုင်ရာ အလုပ်ရုံများ စသည်တို့ကို ပြသထားသည်။ Vijeya ဘုရင်၏ ရုပ်တုနှင့် အခြားသော လက်ရာများကိုလည်း သင်္ဘောပုံစံဒီဇိုင်းနှင့်အတူ ပြသထားသည်။

အနုပညာလက်ရာများ၊ ကိုလံဘိုဆိပ်ကမ်းဖွံ့စနစ်တကျတိုးတက်မှုပုံစံများကို ပုံစံငယ်များဖြင့် ပြသထားခြင်း၊ အချိန်ကာလများအလျောက် ဆိပ်ကမ်းလည်ပတ်သည့်လုပ်ငန်းများတွင် အသုံးပြုသည့် ပစ္စည်းများကိုလည်း ပြသထားသည်။

ကိုးကား ပြင်ဆင်ရန်

  1. Coombe၊ Juliette။ "A Walk Through Old Colombo"၊ 28 March 2014။ 3 June 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 4 March 2016။ 
  2. "SLPA Maritime Museum opened daily"၊ 16 August 2003။ 3 June 2015 တွင် ပြန်စစ်ပြီး 
  3. Satyapalan၊ Franklin R.။ "Port ready to meet global changes in container transportation"၊ 6 August 2003။ 3 June 2015 တွင် ပြန်စစ်ပြီး [လင့်ခ်သေ]