ကီးတူးမြောင်း

ဂျာမနီမှတူးမြောင်း

ကီးတူးမြောင်းသည် ဒိန်းမတ်ကျွန်းဆွယ်ကို ဖြတ်ကာ မြောက်ပင်လယ်ဘက်ရှိ အဲ့လဇ မြစ်ဝကျယ်နှင့် ဗောလတစ်ပင်လယ်ဘက်ရှိ ကီးပင်လယ်အော်တို့ကို ဆယ်သွယ် ဖေါက်လုပ်ထားသော တူးမြောင်းဖြစ်၍၊ ပထမကမ္ဘာစစ် အတွင်းက ဂျာမန်ရေတပ်ကြီး လျှို့ဝှက် စခန်းချရာ ဒေသဖြစ်လေသည်။ ဂျာမနီနိုင်ငံ ၏ သင်္ဘောဆိပ်မြို့ကြီးများသည် အများအားဖြင့် ဗောလတစ် ပင်လယ်ကမ်းခြေတွင် ရှိကြ၍၊ ထိုပင်လယ်မှ မိုင် ၂ဝဝ ကျော်ခန့် ရှည်လျားသော ဒိန်းမတ်ကျွန်းဆွယ် ကမ်းခြေ ကို ပတ်ကာ မြောက် ပင်လယ်သို့ ကူးပြီးမှသာလျှင် ဗြိတိန်၊ အမေရိကန် စသော နိုင်ငံကြီးများသို့ ကူးသန်းသွားလာနိုင် သည်။ ထိုသို့ကွေ့၍ သွားရသဖြင့် မလိုအပ်ဘဲ ခရီးကြန့်ကြာ ခြင်းကို သက်သာစေရန် ဤကျွန်းဆွယ်၏ တစ်နေရာ ဖြစ် သော ဂျာမနီပိုက်နက်အတွင်းသို့ ထိုတူးမြောင်းကြီးကို ဖေါက် လုပ်ခဲ့ရာ၊ ၁၈၉၅ ခုနှစ်တွင် စတင် ဖွင့်လှစ် နိုင်ခဲ့လေသည်။ ထိုတူးမြောင်းမှာ အလျား ၆၁ မိုင်ရှည်၍ အနံမှာ ၃၃၅ ပေ ကျယ်ပြီးလျှင် ၃၇ ပေနက်၏။ ထိုတူးမြောင်းကြီးကို စတင် ဖွင့်လှစ်ခဲ့စဉ်က ဤမျှလောက် ကျယ်ဝန်းနက်ရှိုင်းခြင်း မရှိသေး သော်လည်း နောင်အခါတွင် စစ်သင်္ဘောကြီးများ၏ ပမာဏ သည် ရှေးအခါကထက် တိုးတက်ကြီးမားလာသည့်အလျောက် တိုးချဲ့ ဖေါက်လုပ်လာခဲ့ရာ၊ ၁၉၁၄ ခုနှစ်တွင် ပြီးမြောက်ခဲ့ သည်။ တူးမြောင်း တိုးချဲ့ဖေါက်လုပ်ရာ၌ ပေါင် ၁၀၀၀ဝဝဝဝ မျှ ကုန်ကျခဲ့လေသည်။

North Sea locks on the River Elbe at Brunsbüttel
ဒိန်းမတ်ကျွန်းဆွယ်ကို ဖြတ်၍ ဖောက်လုပ်ထားသော ၆၁ မိုင်ရှည်သည့် ဂျာမန်ပိုင် ကီးတူမြောင်းကြီး

ပထမကမ္ဘာစစ် ပြီးဆုံးသွားသောအခါ၊ ဗာဆေးစာချုပ်ပါ သတ်မှတ်ထားသော စည်းမျဉ်းများအရ၊ နိုင်ငံအသီးသီးမှ သင်္ဘောကြီးများသည် ထိုတူးမြောင်းကြီးအတွင်းမှ ဖြတ်သန်း သွားလာနိုင်ခွင့် ရရှိခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်အတွင်း မဟာမိတ်တို့၏ လေတပ်များက အကြိမ်ကြိမ် ဗုံးကြဲဖျက်ဆီး သည်ကို ခံခဲ့ရသောကြောင့် အတန်ပင် ပျက်စီးခဲ့လေသည်။ သို့သော် ပြန်လည်ပြင်ဆင်ခဲ့ရာ၊ ၁၉၄၅ ခုနှစ်မှစတင်၍ တူးမြောင်းအတွင်း ယခင်ကကဲ့သို့ ကူးသန်းသွားလာနိုင်ပြီ ဖြစ်လေသည်။

[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)