ကူကန်န တောင်ကလပ် (Kukenan Tepui) သည် ဗင်နီဇွဲလားနိုင်ငံဂိုင်ယာန ဒေသတွင် တည်ရှိသည်။ ယင်းတောင်ကလပ်ပေပေါင်း ၈, ၇၉၃ ပေ( ၂, ၆၈၀ မီတာ) မြင့်ပြီး ၁.၉ မိုင် (၃ကီလိုမီတာ) ခန့်ရှည်လျားသည်။ ပေပေါင်း ၂, ၂၁၁ ပေ (၆၇၄ မီတာ) မြင့်မားသည့် ကူကန်နရေတံခွန်သည် တောင်ကလပ်၏ တောင်ဘက်အဆုံးတွင် တည်ရှိသည်။

တက် မြစ်စခန်းမှ မြင်တွေ့ရသည် ကူကန်န နေဝင်ဆည်းဆာအလှ

ကူကန်နသည် ဘရာဇီးနိုင်ငံနှင့် ဂါနာနိုင်ငံတို့၏ နိုင်ငံနယ်နမိတ်မျဉ်းအနီးရှိ ကန်နိုင်မာ အမျိုးသားဥယျာဉ်တွင် တည်ရှိနေသည်။ ကူကန်န၏ အလွန် အရှေ့တောင်ဘက်တွင် ရိုရိုင်းမတောင်တည်ရှိပြီး လူသိများသော တောင်ကလပ်တစ်ခုဖြစ်သည်။ ကူကန်န တောင်ကလပ်သည် တက်ရောက်ရန် ပိုမိုခက်ခဲပြီး လူအများတက်ရောက်မှု မှာ ပရိုမိုင်းမတောင်ထက် ပိုမိုနည်းပါသည်။ ကူကန်နတောင်ကလပ် ထိပ်ပေါ်ရှိ ရှူခင်းများကို ၂၀၀၉ ခုနှစ်တွင် ထွက်ရှိခဲ့သောရုပ်ရှင်တစ်ခုဖြစ်သော Up တွင် ထည့်သွင်းရိုက်ကူးထားသည်ကို တွေ့ရသည်။

ရိုရိုင်းမတောင်မှ တွေ့မြင်ရသော ကူကန်တောင် မြင်ကွင်း
အောက်ခြေမှ မြင်ရသော ကူကန်န
ကူကန်နရေတံခွန် (Kukenan falls)