Schematic cross section of a pressurized caisson

ကေဆွန် ပြင်ဆင်ရန်

မြစ်ကူးချောင်းကူး တံတားကြီးများကို ဆောက် လုပ်ရာ၌ တံတား အုတ်တိုင်ကျောက်တိုင်ကြီးများကို ရေပြင် အောက်မြေကြီးထဲသို့ အတော်နက်အောင်စိုက်၍ ဆောက်လုပ် ထားရလေသည်။ ယင်းသို့ ရေပြင်အောက်ရှိ မြေကြီးထဲတွင် အုတ်မြစ်ချ၍ တိုင်စိုက်ထူရန်မှာ လွယ်ကူသောအလုပ် မဟုတ် ပေ။ အလုပ်သမားများသည် ရေအောက်မြေကြီးထဲတွင် အုတ်မြစ် ချ၍ တိုင်စိုက်ထူနိုင်အောင် ကေဆွန်ခေါ် ရေလုံ သေတ္တာများ သို့မဟုတ် ပြွန်ခေါင်းများ ထိုးချပြီးသော် ထိုပြွန် ခေါင်းထဲ တွင်ဝင်ရောက်လုပ်ကိုင်မှ ဖြစ်နိုင်ပေသည်။

ရှေးအခါက ရေထဲ၌တိုင်စိုက်လိုသည့်အခါတွင် သစ်သား မြေစေးတို့ဖြင့် ရေကာရိုင်ပတ် ပြုလုပ်၍ ရေထုတ်ပြီးမှ တိုင် စိုက်ထူလေ့ရှိသည်။ ယခုအခါတွင်လည်း ထိုနည်းအတိုင်း လိုက်နာနေကြပေသေးသည်။ သို့သော် ရေနက်လျှင် သာမန်ရေ ကာရိုင်ပတ်ဖြင့် တိုင်စိုက်ထူရန် မဖြစ်နိုင်သောကြောင့် ကေဆွန် ခေါ် ပြွန်ခေါင်းများကို အသုံးပြုရလေသည်။ ထိုသို့အသုံးပြုသော ကေဆွန်များမှာ အများအားဖြင့် လေ အားသုံးကေဆွန်များ ဖြစ်သည်။ အလုပ်သမားများ ဆင်း၍ အလုပ်လုပ်နေသော အောက်ဆုံးအဖျားပိုင်းသည် အောက်ပိတ် မရှိဘဲ သဲထဲရွှံ့ထဲသို့ ထိုးစိုက်စူးဝင်နိုင်ရန်အတွက် ချွန်ထက်ရ ၏။ ဤသို့ဖြင့် ကေဆွန်ကို တဖြည်းဖြည်း မြေမာ သို့မဟုတ် အောက်ခံကျောက်ပျဉ်ထိအောင် ထိုးစိုက်နိုင်သည်။ ကေဆွန် အတွင်းရှိ မြေများ သဲများစသည်တို့ကို တူးခြစ်ပြီးသော် ကွန် ကရစ် လောင်းထည့်ပေးခြင်းဖြင့် တန်တားတိုင်ကြီးများကို အုတ်မြစ်ချ စိုက်ထူနိုင်ခဲ့လေသည်။

သို့သော် ဤသို့ရေအောက်မြေထဲတွင် အလုပ်လုပ်ကိုင်ရသည် မှာ လွယ်ကူသည်မဟုတ်ပေ။ ကေဆွန်၏အောက်ဆုံးအကန့်တွင် အလုပ်သမားများမြေကြီးကို တူးခြစ်ထုတ်ပစ်နေဆဲမှာပင် ထို အကန့်အထက်ရှိအပိုင်းတွင် ကွန်ကရစ်လောင်းထည့်ပေးရသည်။ ဤသို့ဖြင့် ကေဆွန်သည် ပို၍ လေးလံလာသည့်အလျောက် မြေကြီးထဲသို့ပို၍စူးဝင်လေသည်။ ကွန်ကရစ်ထုကိုဖေါက်၍ ပြွန် ကြီးတစ်ခု တပ်ဆင်ထားရာ ထိုပြွန်တစ်လျှောက်တွင် အလုပ် သမားများဆင်းတက်ရန်အပြင် ပစ္စည်းကရိယာများကို ချပေး ပြန်တင်ရန်နှင့် မြေများသယ်ယူရန်အတွက် လမ်းပေါက်နှစ်သွယ် ရှိလေသည်။

အလုပ်လုပ်နေသောအကန့်ထဲတွင် လေဖိအား တသမတ် တည်း ရှိနေအောင် ပြုပေးခြင်းဖြင့် ရွှံ့နှင့်ရေများ အတွင်းသို့ စိမ့်မဝင်နိုင်ပေ။ အလုပ်သမားများ တက်ဆင်းနေစဉ်နှင့်၊ ပစ္စည်း ကရိယာများနှင့် မြေကြီးများကို ချပေးသယ်တင်နေစဉ်အခါ များတွင် လေဖိအားတသမတ်တည်းရှိအောင် လမ်းပေါက်များ အတွင်း၌ အံဖုံးတံခါးများ အထက်အောက်တပ်ဆင်ထားသော လေဖိအား ညှိခန်းများထားရှိ၏။ အလုပ်သမား တစ်ယောက် ယောက် အောက်သို့ ဆင်းမည့်အခါ အောက်အံဖုံးတံခါးကို ပိတ်၍ အထက် တံခါးကိုဖွင့်ပေးသည်။ ထိုသူ လေဖိအားညှိခန်း အတွင်းသို့ရောက်လျှင် အထက်တံခါးကိုပိတ်လိုက်ပြီးသော် လေဖိအားညှိခန်း အတွင်းရှိ လေဖိအားကို အောက်အလုပ်လုပ် နေရာအကန့်ရှိ လေဖိအားနှင့် တူညီအောင်တိုးပေးရ၏။ ထိုနောက် အောက်တံခါးကိုဖွင့်ကာ အလုပ်သမားကို အလုပ် လုပ်နေရာ အကန့်သို့ ချပေးသည်။

အလုပ်သမားတစ်ယောက်ယောက် အပေါ်သို့တက်မည့်အခါ အထက်ပါနည်းကို ပြောင်းပြန်ပြုလုပ်ပေးလေသည်။ သို့သော် အထက်သို့တက်ရာ၌ လေဖိအားညှိခန်းအတွင်းသို့ လူရောက် လျှင် လေဖိအားကို အထူးဖြည်းညှင်းသက်သာစွာ လျှော့ပေး ရ၏။ ရုတ်ခြည်းလျှော့ပေးလျှင် သွေးကြောများအတွင်းရှိ သွေး ထဲ၌ လေဖိအားကြောင့် ပျော်ဝင်နေသောလေသည် ပလုံစီထ တတ်ပြီးသော်၊ ထိုမှတစ်ဆင့် နာကျင်ကိုက်ခဲ၍ ကြောက်စရာ ကောင်းသော ကေဆွန် ခေါ် ရောဂါတစ်မျိုး ဖြစ်ပေါ်စေတတ်သည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)