ဒေါ်ကေသီစိုး သည် မြန်မာနိုင်ငံသမိုင်းတွင် ပဉ္စမမြောက် အမျိုးသမီး သံအမတ်ကြီး အဖြစ်ခန့်အပ်ခံရသူဖြစ်သည်။[၁] သူ့ကို NLD အစိုးရက သံအမတ်ကြီး အဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ယင်းမတိုင်မီက နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာ လေ့လာရေး နှင့် လေ့ကျင့်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဖြစ်ခဲ့သည်။[၂]

ကေသီစိုး
ချက်သမ္မတနိုင်ငံ ဆိုင်ရာမြန်မာသံအမတ်ကြီး
တာဝန်သက်တမ်း
၆ ဇွန် ၂၀၁၉ – ဖေဖော်ဝါရီ ၂၀၂၁
ဆက်ခံသူမရှိသေး
ကိုယ်ရေး အချက်အလက်များ
လူမျိုးမြန်မာ
အလုပ်အကိုင်သံတမန်

ဝန်ထမ်းဘဝ ပြင်ဆင်ရန်

၁၉၉၀ ပြည့်နှစ်က ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ က ခေါ်ယူသော ရာထူးဝင်ခွင့် စာမေးပွဲ အား ဖြေဆိုပြီး ထိုနှစ်ကစ၍ နိုင်ငံခြားရေးဝန်ကြီးဌာန တွင် အလုပ်ဝင်သည်။ သူသည် သံတမန်ဘဝ ဖြင့် ပြင်သစ်နိုင်ငံ ပါရီမြို့တော် မြန်မာသံရုံး တွင် တတိယ အတွင်းဝန်၊ ပထမအတွင်းဝန်၊ သံမှူး နှင့် သံမှူးကြီး ရာထူးများ၊တရုတ်နိုင်ငံ ပေကျင်းမြို့ ရှိ မြန်မာသံရုံး တွင် သံမှူး နှင့် သံမှူးကြီး တာဝန်များ၊ အီတလီနိုင်ငံ ရောမမြို့ ရှိ မြန်မာသံရုံးတွင် သံမှူးကြီးတာဝန်၊ ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့ ရှိ မြန်မာသံရုံး တွင် သံအမတ် တာဝန်များ ထမ်းဆောင်ခဲ့သည်။ ယင်းအပြင် နိုင်ငံခြားရေးဝန်ကြီးဌာန တွင် နိုင်ငံရေးရာဦးစီးဌာန ဥရောပဌာန ညွှန်ကြားရေးမှူး တာဝန် လည်း ထမ်းဆောင်ခဲ့သည်။

သံအမတ်ကြီးဖြစ်လာပုံ ပြင်ဆင်ရန်

သူသည် ၂၀၁၅ ခုနှစ် နောက်ပိုင်း တွင် နိုင်ငံခြားရေးဝန်ကြီးဌာန စီမံကိန်း နှင့် စီမံရေးရာဦးစီးဌာန ၏ ဒုတိယ ညွှန်ကြားရေးမှူးချုပ် အဖြစ် ခန့်အပ်ခံရသည်။ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၀ ရက်နေ့ တွင် နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာ လေ့လာရေး နှင့် လေ့ကျင့်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် အဖြစ် တာဝန်ပေးခံရသည်။[၃] ၂၀၁၉ ခုနှစ် ဇွန်လ ၆ရက်နေ့တွင် ထိုတာဝန်မှ နေ၍ ချက်သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသည့် မြန်မာသံအမတ်ကြီး အဖြစ် သမ္မတဦးဝင်းမြင့် က ခန့်အပ်သည်။[၄] [၅]သူသည် ယခင် တပ်မတော်အစိုးရလက်ထက် ၁၉၉၃ ခုနှစ် က ပိတ်လိုက်သည့် ချက်သမ္မတနိုင်ငံ ဆိုင်ရာမြန်မာသံရုံးကို နှစ်ပေါင်း ၂၆ နှစ်အကြာ ပထမဦးဆုံး ပြန်လည် ရုံးထိုင်သူ ဖြစ်လာခဲ့သည်။ [၆] ၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ က ချက်သမ္မတနိုင်ငံ နှင့် သံတမန်လျော့ချ ဆက်ဆံခဲ့ရာ သံအမတ်ကြီး လည်း နိုင်ငံခြားရေးဝန်ကြီးဌာန သို့ ၂၀၂၁ ဖေဖော်ဝါရီ လထဲ ပြန်လည် ရောက်ရှိခဲ့ရသည်။ [၇]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ သံအမတ်ဖြစ်ဖို့ အခွင့်အလမ်း ရှိလာပြီလို့ သံအမတ်ကြီးအသစ် ဒေါ်ကေသီစိုး ပြောBBC Burmese (၂၁ ဇွန် ၂၀၁၉)။ ၈ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  2. ပဉ္စမမြောက် မြန်မာအမျိုးသမီး သံအမတ်ကြီး ချက်သမ္မတနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်အဖြစ်တာဝန်ထမ်းဆောင်သျှမ်းသံတော်ဆင့် (၆ ဇွန် ၂၀၁၉)။ ၈ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  3. နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ ၁၆/၂၀၁၇ ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးအတည်ပြုခန့်ထားခြင်းနှင့်ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးခန်ပထားခြင်း၂၀၁၇ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်နေ့ထုတ် မြန်မာနိုင်ငံပြန်တမ်းစာစောင် (၂၀ ဇန်နဝါရီ ၂၀၁၇)။ ၈ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  4. Daw Kay Thi Soe appointed as Ambassador of Myanmar to the Czech RepublicMYANMAR NATIONAL PORTAL (6 June 2019)။ 8 May 2024 တွင် ပြန်စစ်ပြီး။
  5. President U Win Myint gives policy guidance to Daw Kay Thi Soe, Myanmar Ambassador to Czech Republic (22 June 2019)။ 8 May 2024 တွင် ပြန်စစ်ပြီး။
  6. ချက်သမ္မတနိုင်ငံမှာ မြန်မာသံရုံးပြန်ဖွင့်မည်RFA Burmese (၃ ဇွန် ၂၀၁၉)။ ၈ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  7. Minister Petříček bids farewell to recalled Ambassador of MyanmarEmbassy of the Czech Republic in Yangon (9 Feb 2021)။ 8 May 2024 တွင် ပြန်စစ်ပြီး။