ကျူရှင်သည် အင်္ဂလိပ် ဘာသာစကား tuition မှ မွေးစားထားသည့် စကားလုံးဖြစ်သည်။ မူရင်း အဓိပ္ပာယ်မှာ အခကြေးငွေပေးရသည့် သင်တန်းတစ်မျိုးမျိုးကို ဆိုလိုသည်။ အမေရိကန်ပြည်ထောင်စုတွင် တက္ကသိုလ် တက်ရောက်ခွင့်တွင် tuition fee ကိုပါ ပေးဆောင်ရသည်။ မြန်မာစကားတွင်မူ ကျူရှင်ဆိုသည့် စကားလုံးကို တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့သည်မှာ ၁၉၈၀ ပြည့်နှစ်လွန် နောက်ပိုင်းတွင် ဖြစ်သည်။ထိုစဉ်ကအထက်တန်းကျောင်းသားအချို့သာကျူ ရှင်ယူခဲ့ကြသော်လည်း၊တဖြည်းဖြည်းပျက်စီးလာသောမြန်မာနိုင်ငံပညာရေးစနစ်၏အားနည်းချက်ကြောင့်လည်းကောင်း၊ဝန်ထမ်းဖြစ်သောဆရာ၊ဆရာမတို့၏မလုံလောက်သောလစာဝင်ငွေနည်းပါးမှုကိုဖြေရှင်းရန်ကြိုးစားရာမှလည်းကောင်း၂ဝဝဝခုနှစ်နောက်ပိုင်းတွင်ကျောင်းမနေရသေးသောကလေးပေါက်စလေးများပင်ကျူ ရှင်ယူကြသည်အထိကျူ ရှင်မှာမြန်မာ့ပညာရေးလောကကိုလွှမ်းမိုးလာခဲ့လေသည်။