ကျောက်ကြမ်းပြတ်ရွေ့ကြော
ကျောက်ကြမ်းပြတ်ရွေ့ကြော သည် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်မှ ထိုင်းနိုင်ငံဖက်အထိ ၅၁၀ ကီလိုမီတာခန့် အရှည်တည်ရှိသည့် ပြတ်ရွေ့ကြောတစ်ခု ဖြစ်သည်။ ဤပြတ်ရွေ့ကြောသည် ၁၉၁၂ မေမြို့ငလျင် လှုပ်ခတ်စေသည့် ရင်းမြစ်လည်း ဖြစ်သည်။ ဤပြတ်ရွေ့ကြောနှင့် ပတ်သက်၍ စစ်ကိုင်းပြတ်ရွေ့ကြောကဲ့သို့ သေချာစွာလေ့လာထားမှုမျိုး မရှိပေ။ ပြတ်ရွေ့ကြောသည် ရှမ်းတောင်တန်းများတစ်လျှောက် တည်ရှိနေကာ စစ်ကိုင်းပြတ်ရွေ့ကြောနှင့် အပြိုင်အနေအထား တည်ရှိသည်။ ဤပြတ်ရွေ့ကြော၏ ရွေ့လျားမှုနှုန်းသည် 1 mm/yr ဖြစ်သည်။[၁][၂][၃][၄]
ကျောက်ကြမ်းပြတ်ရွေ့ကြော | |
---|---|
နိုင်ငံ | မြန်မာနိုင်ငံ |
ပြည်နယ် | ရှမ်း |
ဝိသေသလက္ခဏာများ | |
အလျား | 500 km |
ဘေးတိုက် | north northwest |
ကန့်လန့် | vertical |
အရွေ့ | ~1 mm/yr |
ငလျှင်ဖြစ်စဉ် | |
အခြေအနေ | active |
ငလျင်များ | ၁၉၁၂ |
အမျိုးအစား | strike-slip fault |
ရွေ့လျားပုံစံ | dextral |
အပိုင်းများ ပြင်ဆင်ရန်
မြစ်ငယ်အပိုင်း ပြင်ဆင်ရန်
ကျောက်ကြမ်းပြတ်ရွေ့ကြောဇုံ၏ မြောက်ဘက်ဆုံးအပိုင်းသည် ၁၆၀ ကီလိုမီတာရှိကာ တောင်ကြီးမြို့၏ မြောက်ဘက်မှစကာ မန္တလေးမြို့ အရှေ့ဘက်တွင် အဆုံးသတ်သည်။ မြစ်ငယ်အပိုင်းဟူသည့် အမည်သည် မြစ်ငယ်မြစ်ကို ယူ၍ ပေးထားခြင်း ဖြစ်သည်။ ၁၉၁၂ ခုနှစ်တွင် မြစ်ငယ်ပြတ်ရွေ့ကြောအပိုင်းတစ်ခုလုံးသည် လှုပ်ခတ်ခဲ့ကာ ပမာဏ ၇.၇ ရှိသည့် ငလျင်တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။[၅]
တောင်ကြီးအပိုင်း ပြင်ဆင်ရန်
ဤပြတ်ရွေ့ကြောအပိုင်းသည် ၅၀ ကီလိုမီတာ အကျယ်ကာ ၁၀၀ ကီလိုမီတာ ရှည်သည်။ ဘေးနားတွင် တောင်ကြီးနှင့် ပင်းဒယ ပြတ်ရွေ့ကြောနှစ်ခု တည်ရှိသည်။ နှစ်ခုစလုံးသည် သာမန်ပြတ်ရွေ့ကြာများ ဖြစ်ကြသည်။[၅]
သံလွင်အပိုင်း ပြင်ဆင်ရန်
သံလွင်ပြတ်ရွေ့ကြောအပို်င်းဟူသည့် အမည်သည် သံလွင်မြစ်ကို ယူ၍ ခေါ်ထားခြင်း ဖြစ်သည်။ ပြတ်ရွေ့ကြောသည် ၅.၄ ကီလိုမီတာခန့် ရှိသည်။ ပြတ်ရွေ့ကြောသည် ကွေးနေသည်။ ဤပြတ်ရွေ့ကြောသည် Mae Ping ပြတ်ရွေ့ကြောနှင့် ဆက်နေသည်။ ကျောက်ကြမ်းပြတ်ရွေ့ကြောသည် မြန်မာနှင့် ထိုင်း နယ်စပ်ကို ဖြတ်ကျော်ကာ နောက်ထပ် ၁၇၉ ကီလိုမီတာ ရှည်ပြီး ဘန်ကောက်မြို့၏ မြောက်ဘက်တွင် အဆုံးသတ်သွားသည်။[၅]
ငလျင်လှုပ်ရှားမှု ပြင်ဆင်ရန်
ဤပြတ်ရွေ့ကြောသည် ရှမ်းတောင်တန်းတွင် ကြီးမားသည့် ငလျင်လှုပ်ခတ်မှုများကို ဖြစ်စေခဲ့ကာ ၁၉၁၂ မေမြို့ငလျင်လည်း ပါဝင်သည်။ ထို့အပြင် အလယ်အလတ်အဆင့်ရှိ ငလျင်များသည် ၁၉၇၅ နှင့် ၁၉၈၅ တွင် ဤပြတ်ရွေ့ကြောပေါ်တွင် လှုပ်ခတ်ခဲ့သည်။[၆][၇] သုတေသနပညာရှင်များက ကျောက်ကြမ်းပြတ်ရွေ့ကြောတစ်လျှောက် 1260 ± 30 BP နှင့် 4660 ± 30 BP စသည့်အချိန်များတွင် ဖြစ်ပွားခဲ့သည့် ငလျင်နှစ်ခုကို တွေ့ရှိခဲ့ကြသည်။ ၁၉၈၈ လန်ကန့် - ဂန့်မ ငလျင်များနှင့် ၂၀၁၁ တာလေးငလျင်များ သည် မကြာသေးမီက ဖြစ်ပွားခဲ့သည့် ကြီးမားသည့် ငလျင်များ ဖြစ်ကြသည်။ သုတေသနလေ့လာမှုများက ခန့်မှန်းသည်မှာ ဤပြတ်ရွေ့ကြောတစ်လျှောက် လှုပ်ခတ်သည့် ငလျင်များ၏ ပြင်းအားသည် M6.8 မှ 8.4 အထိ ရှိသည်ဟု ဆိုကြသည်။[၈][၉]
ကိုးကား ပြင်ဆင်ရန်
- ↑ Yu, Wang. "Active tectonics and earthquake potentialof the Myanmar region". Journal of Geophysical Research: Solid Earth.
- ↑ Event 16958191 Myanmar။ 2020-10-14 တွင် ပြန်စစ်ပြီး။
- ↑ Yu, Wang (May 30, 2013). "Earthquake Geology of Myanmar". Earthquake Geology of Myanmar.
- ↑ "Kyaukkyan Fault" (2017). Myanmar: Geology, Resources and Tectonics 48.
- ↑ ၅.၀ ၅.၁ ၅.၂ Yu Wang. "Earthquake Geology of Myanmar". Dissertation.
- ↑ M 5.9 - Myanmar။
- ↑ M 5.0 - Myanmar။
- ↑ Crosetto, Silvia (10 November 2019). "Searching for the 1912 Maymyo earthquake: New evidence from paleoseismic investigations along the Kyaukkyan Fault, Myanmar". Quaternary International 532: 75–86. doi: .
- ↑ Watkinson, Ian M.. "The Kyaukkayn Fault". Myanmar: Geology, Resources and Tectonics, Geological Society, London, Memoir.