ကျွဲပါး စောင်းတီး
ကျွဲပါး စောင်းတီး ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။
ရှင်းလင်းချက် ပြင်ဆင်ရန်
ကျွဲ၏အနားတွင် စောင်းကို မည်မျှပင် သာယာစွာ တီးစေကာမူ ကျွဲအဖို့ အချည်းနှီးသာ ဖြစ်သကဲ့သို့ အကောင်းအဆိုး မသိသူအား တန်ဖိုးရှိသော စကားကို နားဝင်အောင် မည်မျှပင် ပြောကြားစေကာမူ ထိုသူအဖို့ အချည်းနှီးသာဖြစ်သည်။
မူလရင်းမြစ် ပြင်ဆင်ရန်
- "ဘူးနားပင်းတွင်၊ ရေမဝင်သို့၊ နားပြင်မကြား၊ အလွတ်သွား၍၊ ကျွဲပါး စောင်းတီး၊" [၁၂၆၆] မဃ * ၄၆၈။