ကြိတ်မှန်ပင်

အပင်မျိုးစိတ်များ

ကြိတ်မှန်ပင်
မျိုးရိုးခွဲခြားခြင်း
လောက:
(unranked):
(unranked):
(unranked):
မျိုးစဉ်:
မျိုးရင်း:
မျိုးစု:
မျိုးစိတ်:
E. alba
ဒွိနာမ
Eclipta alba
Synonyms

Eclipta erecta
Eclipta prostrata
Verbesina alba
Verbesina prostrata

ပုံသဏ္ဌာန် ပြင်ဆင်ရန်

အပင် ပြင်ဆင်ရန်

တစ်နှစ်ခံ ပင်ပျော့ပင်ငယ်တစ်မျိုးဖြစ်သည်။ ၁၈ လက်မ ကျော်ထိ မြင့်သည်။ ထောင်မတ်၍ ပေါက်သည်။ ခရမ်းညို ရောင် ရှိသော ပင်စည်ရိုးတံပေါ်တွင် သေးငယ်သော အမွှေးကြမ်းကလေးများ ရှိသည်။

အရွက် ပြင်ဆင်ရန်

ရွက်ဆိုင်ထွက်သည်။ ရှည်မျောမျော လှံစွပ်ပုံဖြစ်သည်။ ရွက်ထိပ်ချွန်၍ ရွက်ရင်းသွယ်သည်။ ရွက်ညှာအလွန်တိုသည်။ အရွက်ထက်အောက်မျက်နှာပြင် ၂ ခုလုံးတွင် အလွန်သေးငယ်သော အမွှေးကြမ်း ကလေးများရှိသည်။ ရွက်နားပတ်လည် ခွေးသွားစိပ်ကလေးများ ရှိသည်။

အပွင့် ပြင်ဆင်ရန်

ပန်းခိုင်ထိပ်တွင် တစ်ပွင့်တည်း ကဲ့သို့ ဖြစ်နေ၏ ။ ပန်းပွင့် ခေါင်းလောင်း ပုံသဏ္ဌာန်ဖြစ်၍ အဖြူရောင် သို့မဟုတ် အဝါရောင် ရှိသည်။ ပွင့်ခံရွက်ကြီး၍ ထင်ရှားသည် ။ တပို့တွဲလများတွင် ပွင့်သည်။

အသုံးပြုနိုင်သည့်အစိတ်အပိုင်းများ ပြင်ဆင်ရန်

ပဉ္စငါးပါး ၊ အရွက် ။

မြန်မာနိုင်ငံတွင်တွေ့နိုင်သောနေရာများ ပြင်ဆင်ရန်

မြန်မာပြည် နေရာအနှံ့အပြားတွင် ပေါက်သည်။ မိုးများသော အရပ်ဒေသ များတွင် ပေါင်းပင်ကဲ့သို့ ပေါက်ရောက်သည်။ ရခိုင်တွင် ကြိတ်မှန်ရွက်ကို မြီကျဟာဟု ခေါ်သည်။ [၁]

ပေါက်ရောက်ပုံ ပြင်ဆင်ရန်

အလေ့ကျပေါက်သည်။

အသုံးဝင်ပုံအာနိသင် ပြင်ဆင်ရန်

မြန်မာ့ဆေးကျမ်း များ အလိုအရ ကြိတ်မှန်ရွက်သည် ပူ ၏။ လေနာ ၊ သလိပ်နာတို့ကိုနိုင်၏ ။ သွေးကိုတက်ကြွစေ၏။ ဆံပင်ကို နက်၍ သန်စွမ်းစေ၏ ။ လေသလိပ် သည်းခြေနှင့်ယှဉ်၍ ဖြစ်သော အနာမျိုးတို့ကိုနိုင်၏ ။ အားကို ဖြစ်စေ၏ ။ ဓာတ်တို့ကို ပြောင်းစေ၏ ။ အသက်ရှည်၏ ။ မျက်စိရောင်ခြင်းနှင့် အခြားရောင်တင်းခြင်း ကို ပျောက်စေ၏ ။ အနာရွတ် အဖြူကွက်များပျောက်စေ၏။

အသုံးပြုပုံ ပြင်ဆင်ရန်

ပဉ္စငါးပါး ပြင်ဆင်ရန်

  1. ပဉ္စငါးပါးအရည်ကို အားတိုးဆေးအဖြစ် လည်းကောင်း ၊ အသည်းရောင်ရောဂါ ၊ အရေပြားရောဂါကုဆေးအဖြစ် လည်းကောင်းသုံး၏ ။
  2. ၎င်းအရည် နှစ်စက်ခန့် ကို ပျားရည်နှင့် ရော၍ မွေးစကလေး များအား တိုက်ပါက နှာစေးချောင်းဆိုး နာကို ပျောက်ကင်းစေသည်။ ဆံပင်နက်ဆိုးဆေးအဖြစ်လည်း သုံး၏ ။

အရွက် ပြင်ဆင်ရန်

  1. အရွက်ရည်ကို ချောင်းဆိုး ၊ ခေါင်းကိုက်ရောဂါ ၊ အသည်းရောင် ၊ အဆစ်ရောင်ရောဂါကုဆေး ၊ အနာအုံဆေး ၊ ဖန်ဆေးအဖြစ် သုံးသည်။
  2. အရွက်ကို အမှုန့်ထောင်း၍ နွားနို့ဖြင့် နေ့စဉ်သောက်သုံးခဲ့သော် မျက်စိအမြင်သန်၏ ။ ဆွံ့အသောသူများ စကားပြောနိုင်၏ ။ နားပင်းသူများ အသံကြားနိုင်၏ ။ နဲ့သောသွား ခိုင်၏။
  3. ကြိတ်မှန်ရွက်နှင့် နှမ်းနက်ကို ဆတူယူ၍ အမှုန့်ပြုပြီး နွားနို့နှင့် အမြဲ မှီဝဲသော် အနာရောဂါ ကင်းစင်ပြီး အသက်ရှည်ကာ ဆံပင်လည်း နက်လာမည်။
  4. ကြိတ်မှန်ရွက်အား ခေါင်းကိုက်ရောဂါ ၊ ထိပ်ပြောင်မွေးကျွတ်ရောဂါ ၊ အကျိတ်နာ ၊ မီးယပ်ထိမ်ခြင်းနှင့် ကာလသားရောဂါတို့တွင် အသုံးပြုကြသည်။
  5. ကြိတ်မှန်ရွက်ရည်နှင့် ပင်စိမ်းရွက်ရည်ရော၍ တစ်နေ့ ၂ကြိမ် ခန့် မီးလောင်နာပေါ်တွင် လိမ်းပေးသော် ပူလောင်ခြင်း ပျောက်၍ အမာရွတ်များလည်း ပျောက်ကင်းသည်။
  6. ကြိတ်မှန်ရွက်၊ ခွေးသေးပန်းရွက်တို့အား ရှိန်းခိုအနည်းငယ် ထည့်ကြိတ်ပြီး ကလေးနှာပိတ်လျှင် ငယ်ထိပ်မှ နှာခေါင်း အထိဆွဲပေးက ပျောက်၏ ။ ကျောပူ ခေါင်းပူ ချွဲထဖြစ်က ငယ်ထိပ်တွင် ပါးပါးလိမ်းပေးရ၏ ။ ကလေးများ သန်ဝမ်းသွား ၊ ကျောက် ၊ ဝက်သက် ၊ ရေကျောက် ဖြစ်က မိခင်နို့ရည်နှင့်ဖျော်ပြီး တိုက်ပေးနိုင်၏ ။
  7. မီးယပ်သွေး ငုပ်လျှင် အရွက်ကို ထန်းလျက်နှင့် သုံးခွက်တစ်ခွက်တင် ကျိုသောက်သော် သွေးပေါ်စေ၏။[၂]

ကိုးကား ပြင်ဆင်ရန်

  1. မောင်သိန်းဇံ (ဇူလိုင် ၂၀၀၀)။ ရခိုင်မြန်မာဆေးအခေါ်ကွဲလွဲမှုများ။ နက္ခတ္တရောင်ခြည်။ p. ၂၈၁။
  2. http://arogyamonline.com/commodity/materials/?raw=35[လင့်ခ်သေ]