ခင်ခင်ထွေး (အပြေးမယ်)

မြန်မာအားကစားသမား
လှံတံပစ် အတွက် ခင်ခင်ထွေး (လှံတံပစ်) ကို ကြည့်ပါ။

(​​​​​ေဒါ်ခင်ခင်​ထွေး (၁၉၆၇ - ၂၀၂၁) သည် မြန်မာ့ဂုဏ်​ဆောင် အ​ပြေးမယ်​တစ်ဦးဖြစ်ပြီး အာရှနှင့် အရှေ့တောင်အာရှ ရွှေတံဆိပ်၂၈ဆုရှင် ဖြစ်သည်။[၂]အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ၁၀ခုအထိရယူ​ပေးနိုင်ခဲ့ပြီး ပြိုင်ပွဲ​ပေါင်းစုံတွင် ရွှေတံဆိပ် ၂၈ခုရရှိထားသူဖြစ်သည်။အိုလံပစ် အားကစားပွဲတော်တွင်လည်း ၁၉၈၈ဆိုလ်းပွဲ​တော်၊ ၁၉၉၂ဘာစီလိုနာပွဲ​တော်၊ ၁၉၉၆အတ္တလန္တာပွဲ​တော်တို့တွင်တို့တွင် ၃ကြိမ်ဆက်တိုက် နိုင်ငံကိုယ်စားပြုဝင်​ရောက်ယှဉ်ပြိုင်ခဲ့သည်။ မီတာ ၁၅၀၀နှင့် ၃၀၀၀တို့တွင် စံချိန်တင်နိုင်ခဲ့သူလည်းဖြစ်သည်။

ဝဏ္ဏကျော်ထင်[၁]
ခင်ခင်​ထွေး
Khin Khin Htwe
အားကစားပြတိုက်ရှိ ရုပ်တု
ကိုယ်ရေးအချက်အလက်
နိုင်ငံသား မြန်မာ
မွေးဖွား(1967-11-29)နိုဝင်ဘာ ၂၉၊ ၁၉၆၇
ကွယ်လွန်၃၀ စက်တင်ဘာ၊ ၂၀၂၁(2021-09-30) (အသက် ၅၃)
အားကစား
အားကစား​ပြေးခုန်ပစ်
ပြိုင်ပွဲစဉ်(များ)အ​ပြေး (၁၅၀၀မီတာ၊ မီတာ ၃၀၀၀)

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ အမိန့်ကြောငြာစာအမှတ် (၁၂/၂၀၂၃) ဖြင့် ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်ခြင်းခံရသည်။ အဆိုပါဘွဲ့တံဆိပ်ရရှိသူများအား အောက်တွင် လင့်ခ်ဖော်ပြပေးထားပါသည်။

မှတ်တမ်းများ ပြင်ဆင်ရန်

 
​ဒေါ်ခင်ခင်​ထွေး ရရှိခဲ့​သော ဆုတံဆိပ်အချို့
  မြန်မာနိုင်ငံကိုယ်စားပြု
၁၉၈၅ ၁၉၈၅ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ  ဘန်​ကောက်မြို့ ၁၅၀၀ မီတာ ၄:၃၁.၂၆
၃၀၀၀ ၉:၃၃.၀၆
၁၉၈၇ ၁၉၈၇ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ  ဂျာကာတာမြို့ ၃၀၀၀ ၉:၃၅.၃၅
၁၉၈၈ ၁၉၈၈ နွေရာသီ အိုလံပစ်ပြိုင်ပွဲ  ဆိုလ်းမြို့ ၂၃ ၁၅၀၀ ၄:၂၀.၉၂
၂၉ ၃၀၀၀ ၉:၂၆.၅၇
၁၉၈၉ အာရှ​ပြေးခုန်ပစ် တံခွန်စိုက်ပြိုင်ပွဲ   အိန္ဒိယနယူး​​ဒေလီမြို့ ၁၅၀၀ ၄:၂၁.၀၆
၃၀၀၀ ၉:၂၂.၈၀
အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ  ကွာလာလမ်ပူမြို့ ၈၀၀ ၂:၀၈.၉၉
၁၅၀၀ ၄:၂၂.၂၅
၃၀၀၀ ၉:၂၆.၁၅
၁၉၉၀ ၁၉၉၀ အာရှအားကစားပြိုင်ပွဲ  ​ဘေကျင်းမြို့ ၁၅၀၀ 4:25.03၄:၂၅.၀၃
၁၉၉၁ အာရှ​ပြေးခုန်ပစ် တံခွန်စိုက်ပြိုင်ပွဲ  ကွာလာလမ်ပူမြို့ ၁၅၀၀ ၄:၂၆.၀၈
၃၀၀၀ ၉:၁၉.၃၆
ကမ္ဘာ့​ပြေးခုန်ပစ် တံခွန်စိုက်ပြိုင်ပွဲ  တိုကျိုမြို့ ၂၂ ၁၅၀၀ ၄:၁၂.၂၁
၂၅ ၃၀၀၀ ၉:၀၇.၃၄
၁၉၉၂ ၁၉၉၂ နွေရာသီ အိုလံပစ်ပြိုင်ပွဲ  ဘာစီလိုနာမြို့ ၂၉ ၁၅၀၀ ၄:၁၈.၈၁
၂၈ ၃၀၀၀ ၉:၃၁.၇၀
၁၉၉၄ ၁၉၉၄ အာရှအားကစားပြိုင်ပွဲ  ဟီရိုရှီးမားမြို့ ၁၅၀၀ ၄:၁၈.၀၀
၁၉၉၅ ကမ္ဘာ့တံခွန်စိုက်ပြိုင်ပွဲ  ဂိုသန်ဘာ့ဂ်မြို့ ၂၇ ၁၅၀၀ ၄:၂၆.၆၉
၁၉၉၆ ၁၉၉၆ နွေရာသီ အိုလံပစ်ပြိုင်ပွဲ  အတ္တလန္တာမြို့ ၃၂ ၁၅၀၀ ၄:၃၀.၆၄

ကွယ်လွန်ခြင်း ပြင်ဆင်ရန်

ဒေါ်ခင်ခင်ထွေးသည် အသဲကင်ဆာရောဂါအား ကုသနေရင်း ၂၀၂၁ခုနှစ် စက်တင်ဘာ ၃၀ရက်နေ့ည ၁၁နာရီကျော်တွင် ကွယ်လွန်ခဲ့သည်။[၃]

ကိုးကား ပြင်ဆင်ရန်

ဝဏ္ဏကျော်ထင်ဘွဲ့၊ မြန်မာ့အလင်း သတင်းစာ/စာမျက်နှာ ၁၂/Ref:https://www.mdn.gov.mm/newspaper/public/ebooks/read/8286#12