ခင်နိုင်ဦး

ပြည်ထောင်စုစာရင်းစစ်ချုပ်

ဒေါက်တာခင်နိုင်ဦး(၁၉၅၈ ဖွား) သည် အငြိမ်းစားပါမောက္ခချုပ်တစ်ဦးဖြစ်ပြီး လက်ရှိတွင် မြန်မာနိုင်ငံ၏ ၁၃ဦးမြောက် ပြည်ထောင်စုစာရင်းစစ်ချုပ် အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။[၁] ထိုတာဝန်ကို ၂၀၂၃ ဩဂုတ် ၃ ရက်တွင် ခန့်အပ်ခံရသည်။ယင်းမတိုင်မီ သူသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ၏ ဒါရိုက်တာတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်သည်။[၂]

ဒေါက်တာ

ခင်နိုင်ဦး
ပြည်ထောင်စုစာရင်းစစ်ချုပ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၃ ဩဂုတ် ၂၀၂၃
သမ္မတဦးမြင့်ဆွေ (ယာယီ)
ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ယခင်လူဦးတင်ဦး
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ဝင်
တာဝန်သက်တမ်း
၁၀ ဖေဖော်ဝါရီ ၂၀၂၁ – ၃ ဩဂုတ် ၂၀၂၃
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၅၈
ဧရာဝတီတိုင်းဒေသကြီးပုသိမ်မြို့
လူမျိုးမြန်မာ
မိခင်ကျောင်းစီးပွားရေးတက္ကသိုလ် (ရန်ကုန်) ၊ ကွန်ပျူတာတက္ကသိုလ် (ရန်ကုန်)
အလုပ်အကိုင်စီးပွားရေးပညာရှင်

ငယ်ဘဝနှင့်ပညာရေး ပြင်ဆင်ရန်

ဧရာဝတီတိုင်းဒေသကြီးပုသိမ်မြို့တွင် မွေးဖွားသည်။ငယ်စဉ်အခါက ပုသိမ်မြို့တွင် ပညာဆည်းပူးသည်။ယင်းနောက် စီးပွားရေးတက္ကသိုလ် (ရန်ကုန်) ၊ ကွန်ပျူတာတက္ကသိုလ် (ရန်ကုန်) တို့တွင် အဆင့်မြင့်ပညာများဆည်းပူးခဲ့သည်။[၃]

ဝန်ထမ်းဘဝ ပြင်ဆင်ရန်

၁၉၈၀ ခုနှစ် ကစ၍ သူသည် ဝန်ထမ်းဘ၀ ကို စတင်ခဲ့သည်။ပထမဦးဆုံးအလုပ်အကိုင်မှာ ရန်ကုန်စာပေးစာယူတက္ကသိုလ် တွင် စာစဉ်နည်းပြ တာဝန်ဖြစ်သည်။ယင်းနောက် ရန်ကုန်စီးပွားရေးတက္ကသိုလ် သို့ ပြောင်းရွှေ့ခဲ့ပြီး ၁၉၈၀ ခုနှစ် မှ ၂၀၀၁ ခုနှစ် နည်းပြမှ ကထိက အထိ အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့သည်။မုံရွာစီးပွားရေးတက္ကသိုလ် တွင်တွဲဖက်ပါမောက္ခ မှ ဒုတိယပါမောက္ခချုပ် အထိ လည်းကောင်း၊ရန်ကုန်စီးပွားရေးတက္ကသိုလ် တွင် တာဝန်ခံပါမောက္ခချုပ် မှ ပါမောက္ခချုပ် အထိ လည်းကောင်း ဆက်လက် တာဝန်ထမ်းဆောင်ကာ ၂၀၁၈ ခုနှစ်တွင် အငြိမ်းစား ယူသည်။ သူသည် မြန်မာနိုင်ငံအမျိုးသားပညာရေးကော်မရှင် အဖွဲ့ဝင် အဖြစ် (၂၀၁၈ - ၂၀၂၁) အထိလည်းကောင်း၊မြန်မာနိုင်ငံတော်ဗဟိုဘဏ် ၏ ဒါရိုက်တာအဖွဲ့ဝင် တစ်ဦးအဖြစ် (၂၀၂၁ - ၂၀၂၃) အထိ လည်းကောင်း တာဝန်ထမ်းဆောင်သည်။[၄]

ပြည်ထောင်စုစာရင်းစစ်ချုပ် ပြင်ဆင်ရန်

သူ့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ၂၀၂၃ ဩဂုတ် ၃ ရက်တွင် ပြည်ထောင်စုစာရင်းစစ်ချုပ် အဖြစ် ခန့်အပ်လိုက်၍[၅] မြန်မာနိုင်ငံ၏ ၁၃ ဦးမြောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ဖြစ်လာသည်။ယင်းအပြင် ပထမဦးဆုံးသော အမျိုးသမီး ပြည်ထောင်စုစာရင်းစစ်ချုပ် အဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

ကိုးကား ပြင်ဆင်ရန်

  1. WORK COORDINATION MEETING: 2-DAY MEETING BY THE UNION AUDITOR-GENERAL'S OFFICEmitv (23 September 2023)။ 8 October 2023 တွင် ပြန်စစ်ပြီး။
  2. မြန်မာနိုင်ငံတော်ဗဟိုဘဏ် Learning and Training Center ဖွင့်ပွဲကျင်းပMyanmar Digital News (၂၈ ဇန်နဝါရီ ၂၀၂၃)။ ၈ အောက်တိုဘာ ၂၀၂၂ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  3. လက်ရှိပြည်ထောင်စုစာရင်းစစ်ချုပ်ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး။ ၈ အောက်တိုဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  4. Appointment of Central Bank of Myanmar membersThe Global New Lights of Myanmar (11 February 2021)။ 8 October 2023 တွင် ပြန်စစ်ပြီး။
  5. ယခင်စာရင်းစစ်ချုပ်များပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး။ ၂၄ နိုဝင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။