ခုရေတွင်းတူး၊ ခုရေကြည်သောက်ချင်

ခုရေတွင်းတူး၊ ခုရေကြည်သောက်ချင် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက် ပြင်ဆင်ရန်

ရေတွင်းတူးပြီးလျှင်ပြီးချင်း ရေကြည်ကို သောက်ချင်သကဲ့သို့ လုပ်ငန်းဆောင်ရွက်ပြီးနောက် သင့်လျောသော အခါကာလထိအောင် မစောင့်ဆိုင်းနိုင်ဘဲ ချက်ချင်း အကျိုးခံစားချင်သည်။

မူလရင်းမြစ် ပြင်ဆင်ရန်

  • "လူထုပညာရေးလုပ်ငန်းဟာ ခုရေတွင်းတူး၊ ခုရေကြည်သောက်ရတဲ့ လုပ်ငန်းမျိုး မဟုတ်ပါဘူး။ မေတ္တာ၊ စေတနာ၊ ဇွဲနှင့် စွဲစွဲမြဲမြဲ လုပ်ရမည့် လုပ်ငန်းဖြစ်ပါတယ်။" [၁၃၁၃] ပြည်သား၊ ၂၊ ၆။ ၂၃။

ကျမ်းကိုး ပြင်ဆင်ရန်

  1. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၃၅