ချင်းတိုးတက်ရေးပါတီ

မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီ

ချင်းတိုးတက်ရေးပါတီ (အင်္ဂလိပ်: Chin Development Party) သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီဟောင်းတစ်ခု ဖြစ်သည်။ ချင်းတိုးတက်ရေးပါတီကို ၂၀၁၀ ပြည့်နှစ် မတ်လ ၂၄ ရက်နေ့တွင် အဖွဲ့ဝင် ၂၂ ဦးဖြင့် ရန်ကုန်မြို့တွင် စတင်ဖွဲ့စည်းခဲ့သည်။

ချင်းတိုးတက်ရေးပါတီ
အင်္ဂလိပ် အမည်Chin Development Party
နာယကဦးပေါ်လျှံလွင်
တည်ထောင်ခြင်း၄ မေ ၂၀၁၀ (၂၀၁၀-၀၅-၀၄)[၁]
ဆက်ခံချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဌာနချုပ်ရန်ကုန်တိုင်းဒေသကြီး
အမျိုးသားလွှတ်တော် အမတ်နေရာ
၀ / ၂၂၄
ပြည်သူ့လွှတ်တော် အမတ်နေရာ
၀ / ၄၄၀
ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များ
၀ / ၈၈၀
မြန်မာနိုင်ငံ၏ နိုင်ငံရေး
နိုင်ငံရေးပါတီများ

၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့တွင် ချင်းဒီမိုကရေစီအဖွဲ့ချုပ် (CLD)၊ ချင်းတိုးတက်ရေးပါတီနှင့် ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ (CNDP) ပါတီသုံးခု ပူးပေါင်း၍ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အမည်ဖြင့် ပူးပေါင်းဖွဲ့စည်းခဲ့သည်။[၂][၃][၄]

ကိုးကား ပြင်ဆင်ရန်

  1. ဝင်းတင့်ထွန်း၊ ဗမာပြည်နိုင်ငံရေးပါတီအဖွဲ့အစည်းအသင်းအပင်းများအညွှန်း၊ စာမျက်နှာ (၃၅၄)
  2. Salai Gei (၈ ဧပြီ ၂၀၁၈)။ ချင်းပါတီ (၃) ခုပေါင်းပြီး ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(CNLD)အမည်ဖြင့် ပါတီမှတ်ပုံတင်မည်ချင်းဝေါလ်။ ၁၂ ဇူလိုင် ၂၀၁၉ တွင် ပြန်စစ်ပြီး။
  3. လဲ့လဲ့ (၁၈ အောက်တိုဘာ ၂၀၁၈)။ ချင်း ၃ ပါတီ ပေါင်းထားသည့် CNLD ပါတီ မှတ်ပုံတင်။ ဧရာဝတီသတင်းဌာန။ ၁၂ ဇူလိုင် ၂၀၁၉ တွင် ပြန်စစ်ပြီး။
  4. ချင်းပါတီ ၃ ခု ပေါင်းစည်းပြီး ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CNLD တည်ထောင်။ လွတ်လပ်တဲ့ အာရှအသံ (၂၉ စက်တင်ဘာ ၂၀၁၈)။ ၁၂ ဇူလိုင် ၂၀၁၉ တွင် ပြန်စစ်ပြီး။