ချင်းပြည်ကောင်စီ (အင်္ဂလိပ်: Chinland Council) သည် ချင်းပြည်၏ ကိုယ်ပိုင်အုပ်ချုပ်ရေးမူဝါဒအတွက် ဥပဒေပြုရေးအဖွဲ့အစည်း ဖြစ်သည်။ ချင်းပြည်နယ်အတွင်းရှိ ချင်းအဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ် ၂၃၅ ဦးပါဝင်သော ချင်းပြည်ညီလာခံမှ ချင်းပြည်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲခဲ့ပြီးနောက် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့တွင် ချင်းပြည်ကောင်စီကို ဖွဲ့စည်းခဲ့သည်။[၁][၂] ချင်းပြည်ကောင်စီတွင် ချင်းအမျိုးသားတပ်ဦးမှ ကိုယ်စားလှယ် ၂၇ ဦး၊ ပြည်ထောင်စုလွှတ်တော်မှ ရွေးကောက်ခံချင်းကိုယ်စားလှယ် ၁၇ ဦးနှင့် ဒေသခံအုပ်ချုပ်ရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၆၈ ဦးတို့ ပါဝင်သည်။[၁]

ချင်းပြည်ကောင်စီ
အမျိုးအစား
အမျိုးအစား
Unicameral
ခေါင်းဆောင်များ
ဥက္ကဋ္ဌ
ဖွဲ့စည်းပုံ
အမတ်ဦးရေ၁၁၂
နိုင်ငံရေး အုပ်စုများ
ဆွေးနွေးရာနေရာ
Camp Victoria, Chinland

ကောင်စီသည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ချင်းပြည်အစိုးရကို ရွေးကောက်တင်မြှောက်ခဲ့သည်။[၃] ဦးပါထန်း သည် ဝန်ကြီးချုပ်အဖြစ်နှင့် ချင်းအမျိုးသားတပ်ဦး၏ ဒုတိယဥက္ကဋ္ဌ ဒေါက်တာSui Khar က နိုင်ငံခြားရေးဝန်ကြီးနှင့်[၄] Pu Thawng Za Lian က ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရသည်။

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ N.S၊ June (December 26, 2023)။ The First Chin-Written Constitution: A New Template For Self-Determination?
  2. Now၊ Myanmar (2024-02-05)။ New government forms in Chin State with key ministries controlled by CNF (in en-US)။ 2024-02-16 တွင် ပြန်စစ်ပြီး။
  3. Resistance groups in Chin State establish ‘Chinland’ government (in en-US) (2024-02-09)။ 2024-02-16 တွင် ပြန်စစ်ပြီး။
  4. Chinland Government Kicks Off 100 Day Plan (in en)။ 2024-02-16 တွင် ပြန်စစ်ပြီး။