ဂလင်း

လူသို့မဟုတ် တိရစ္ဆာန်တွင် ပါသည့် အင်္ဂါအစိတ်အပိုင်းတစ်မျိုး

ဂလင်းဆိုသည်မှာ ခန္ဓာကိုယ်ကို ပြုပြင်ဆောက်တည်ရာ၌ ၎င်း၊ ကိုယ်တွင်းမှ မလိုအပ်သော အညစ်အကြေးများကို ပြင်ပ သို့ ထုတ်ရာ၌၎င်း အလွန်အသုံးဝင်၍ အကူအညီပေးသောအင်္ဂါ ဖြစ်သည်။ ဂလင်းသည် ခန္ဓာကိုယ်၌ အနှံ့အပြားရှိသည်။ နေရာ ကိုလိုက်၍ ဂလင်းတို့၌ အရွယ်နှင့် ပုံသဏ္ဌာန်အမျိုးမျိုးရှိသည်။ အချို့ဂလင်းတို့သည် ဆန်စေ့နှင့်တူကြ၍၊ အချို့လည်း အိတ် ကလေးများနှင့် တူကြသည်။ အချို့ဂလင်းတို့သည် ခပ်မြောင်း မြောင်း နေကြသည်။ အကျိတ်ကဲ့သို့ ဂလင်းများသည်လည်း ရှိသည်။

Gland
Human en:submandibular gland. At the right is a group of mucous acini, at the left a group of serous acini.
အသေးစိတ်
လက်တင်glandula
THH2.00.02.0.02002
Anatomical terminology

အသက်ရှင်နေသရွေ့ကာလပတ်လုံး လူတို့သည် နေ့စဉ်နေ့ တိုင်း ခန္ဓာကိုယ်အတွင်းမှ အရည်များစွာကို ထုတ်လျက်ရှိကြ ၏။ ငိုလိုက်သည်နှင့် တစ်ပြိုင်နက် မျက်စိအစုံမှ မျက်ရည်များ ကျဆင်းလာသည်။ အနည်းငယ်ပူအိုက်၍လာသည့်အခါ ခန္ဓာ ကိုယ်အနှံ့အပြားရှိ အရေပြားပေါ်တွင် ချွေးများ စို့ထွက်လာ သည်။ ပါးစပ်ထဲ၌လည်း တံထွေးသည် အမြဲထွက်ပေါ်လျက်ရှိ သည်။ ထိုမျက်ရည်၊ ချွေး၊ တံထွေး စသော အရည်အသီးသီး သည် ဂလင်းတို့မှ ယိုစီးထွက်လာကြသည်။ ဂလင်းတို့သည် သွေးထဲမှ ရေနှင့် အခြားပစ္စည်းများတို့ကို ထုတ်ယူပြီးလျှင် မိမိတို့နှင့် ဆိုင်ရာအရည်ကို မိမိတို့ဖာသာဖန်တီး၍ ထုတ်ပေး ကြသည်။ ပမာအားဖြင့် မျက်ရည်ကို မျက်လုံးအိမ်အတွင်းရှိ မျက်ရည်ဂလင်းများမှ၎င်း၊ တံထွေးကို မေးရိုးနှင့် လျှာအောက် ရှိ တံထွေးဂလင်းများမှ၎င်း၊ ဂဲ့စတြစ်ရည်ခေါ် အစာသစ်အိမ် ရည်ကို အစာအိမ်နံရံရှိ ဂဲ့စတြစ်ဂလင်းများမှ၎င်း၊ သည်းခြေ ရည်ကို အသည်းမှ၎င်း၊ ပန်ကရိရည်ကို အစာအိမ်အောက်နားရှိ ပန်ကရိခေါ် ဂလင်းမှ၎င်း အသီးသီး ထုတ်ပေးကြသည်။ တံထွေး၊ ဂဲ့စတြစ်ရည်၊ သည်းခြေရည်နှင့် ပန်ကရိရည်တို့သည် စားမျိုလိုက်သောအစာကို တစ်နည်းတစ်လမ်းအားဖြင့် ချေချက် ပေးကြသည်။ ဂလင်းအားလုံးတွင် အသည်းသည် အကြီးဆုံး ဂလင်း ဖြစ်သည်။ အသည်းအောက်နား၌ သည်းခြေရည် သိုလှောင်ရာ သည်းခြေအိတ်ရှိသည်။ သည်းခြေရည်သည် ပြွန်ကလေးတစ်ခုမှ တစ်ဆင့် အူသိမ်အတွင်းသို့ စီးဝင်သည်။ အထက်၌ ဖော်ပြခဲ့သော ဂလင်းများတွင် ခန္ဓာကိုယ်ပြင်ပသို့ ဖြစ်စေ၊ အစာလမ်းကြောင်းအတွင်းသို့ဖြစ်စေ မိမိတို့၏အရည် များကို ထုတ်ပေးရန် ပြွန်အသီးသီး ပါရှိကြသည်။ သို့သော် ပြွန်မရှိသော ဂလင်းများလည်း ခန္ဓာကိုယ်အနှံ့အပြား၌ ရှိသေး၏။ ထိုဂလင်းများမှ ထွက်သောအရည်ကို ဟော်မုန်းဟု ခေါ်သည်။ ဟော်မုန်းသည် သွေးကြောများထဲသို့ တိုက်ရိုက် စီးဝင်ပြီးလျှင် တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွား၏။

ပြွန်မဲ့ဂလင်းများတွင် ဦးခေါင်းအတွင်း ဦးနှောက်အောက် ဘက်နား၌ ရှိသော ဂလင်းကို ပစ်ကျူအစ်တာရီဂလင်းဟု ခေါ် သည်။ ထိုဂလင်းသည် ကိုယ်ကာယထွားကျိုင်းမှုနှင့် သက်ဆိုင် ၍ အစိတ်အပိုင်းများစွာ ပါရှိသည်။ အစိတ်အပိုင်းတစ်ခုမှ ထွက်သောအရည်သည် နည်းလွန်းလျှင် ခန္ဓာကိုယ်ကို ပုည|က် စေတတ်၍ များလွန်းလျှင် ကိုယ်ခန္ဓာကို အဆမတန်ကြီးထွား စေတတ်သည်။

ကျောက်ကပ်အထက်၌ ဆူပရာရီနယ်ခေါ် သေးငယ်သော ဂလင်း ၂ ခုရှိသည်။ ထိုဂလင်းတို့မှ သွေးအားရှိစေသော အရည်ကို အစဉ်အမြဲထုတ်ပေးလျက်ရှိသည်။ ဒေါသထွက်ခြင်း၊ ကြောက်လန့်ခြင်းစသော ရုတ်တစ်ရက် စိတ်လှုပ်ရှားချိန်မျိုး၌ အခါ တိုင်းထက်ပို၍ ထိုအရည်ကိုထုတ်ပေးသည်။

လည်ပင်းအတွင်း၌ သိုင်းရွိုက်ဂလင်းရှိ၍ ထိုဂလင်းနှင့်ကပ် လျက် စပါးစေ့သဏ္ဌာန် ပါရာသိုင်းရွိုက်ဂလင်း ၄ ခုရှိသည်။ ကလေးအရွယ်၌ သိုင်းရွိုက်ဂလင်းမှ အရည်အထွက်နည်းလျှင် ကလေးသည် ထုံထိုင်းပုည|က်တတ်သည်။ လူကြီးအရွယ်၌ လည်း ထိုဂလင်းမှ အရည်အထွက်နည်းလျှင် ကာယဗလ၊ ဉာာဏဗလ ၂ မျိုးစလုံး သိမ်ဖျင်းလေးကန်တတ်သည်။ လည် ပင်းကြီးနာ ဖြစ်ပွားတတ်ခြင်းမှာ များသောအားဖြင့် ထိုဂလင်းမှ အရည်အထွက်နည်းခြင်းကြောင့်ပင် ဖြစ်၏။ သိုင်းရွိ်ုက်ဂလင်းမှ သိုင်းရော့ဆင်ဟုခေါ်သော ဟော်မုန်းရည်ကို ထုတ်ပေးသည်။ ဤဟော်မုန်းသည် ကြွက်သားနှင့် စိတ်တို့၏ လှုပ်ရှား သွက် လက်မှု၊ နှလုံးခုန်မှုတို့ကို အားပေးသည်။ ပါရာသိုင်းရွိုက် ဂလင်းများမှ ထွက်သော ဟော်မုန်းကမူ ခန္ဓာကိုယ်အတွင်းရှိ ထုံးဓာတ်ကို ထိန်းသိမ်းပေးခြင်းဖြင့် အရိုးအဆစ် ကြီးထွား တောင့်တင်းမှုကို ထောက်ပံ့အားပေးသည်။ ဤဂလင်းများကို ထုတ်ပစ်ခဲ့သော် တက်တင်နီရောဂါ ဖြစ်တတ်သည်။ ထိုရောဂါ ဖြစ်သူသည် တက်တတ်သည်။ ကိုယ်အလေးချိန်မှာလည်း တဖြည်းဖြည်း လျော့လာတတ်သည်။ ဤရောဂါရလျှင် သေဘက်နီးလာသည်ဟု ဆိုရပေမည်။

ပြွန်မဲ့ဂလင်းတို့သည် သေးငယ်ပင် သေးငယ်သော်လည်း ခန္ဓာကိုယ်မှ ကျန်းမာသန်စွမ်းရေးအတွက် မရှိလျှင် မဖြစ် လောက်အောင် အရေးပါအရာရောက်ကြသည်။ အကယ်၍ ထိုဂလင်းများကို လူတစ်ယောက်၏ ခန္ဓာကိုယ်မှ ထုတ်ယူလိုက် မည်ဆိုပါက ထိုလူသည် သုံးလေးရက်အတွင်း အသက်သေဆုံး မည်မှာ မုချပင်ဖြစ်သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)