ဟာမင်း ဂါရင်း
ဂျာမနီနိုင်ငံ နတ်ဆီ(နာဇီ) ခေါင်းဆောင်တစ်ဦးဖြစ်သော ဟာမန်ဗီဟမ်ဂိုးရင်းသည် ဘာဘေးရီးယားပြည် ရိုဇင်ဟိုင်းမြို့၌ ၁၈၉၃ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ဖွားမြင်သည်။ ၁၉၁၂ ခုနှစ်တွင် ကြည်းတပ်ဗိုလ်အဖြစ်ဖြင့် စစ်မှုထမ်းရာမှ ပထမကမ္ဘာစစ်ဖြစ်သော် လေတပ်သို့ ကူးပြောင်းခဲ့သည်။ ရန်သူလေယာဉ်ပျံများကို အများဆုံး ပစ်ချနိုင်သဖြင့် ပထမတန်းလေယာဉ်သူရဲကောင်းဟု ချီးကျူးခြင်း ခံရသည်။
Reichsmarschall ဟာမန်ဂိုးရင်း | |||||||||||||||||||||||||||||||||||||||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
ဟာမန် ဂိုးရင်း (ဇန်နဝါရီလ ၁၉၄၅ ခုနှစ်) | |||||||||||||||||||||||||||||||||||||||||||||||||||
16th President of the Reichstag | |||||||||||||||||||||||||||||||||||||||||||||||||||
တာဝန်သက်တမ်း ၃၀ ဩဂုတ် ၁၉၃၂ – ၂၃ ဧပြီ ၁၉၄၅ | |||||||||||||||||||||||||||||||||||||||||||||||||||
သမ္မတ |
| ||||||||||||||||||||||||||||||||||||||||||||||||||
အဓိပတိ |
| ||||||||||||||||||||||||||||||||||||||||||||||||||
ယခင်လူ | Paul Löbe | ||||||||||||||||||||||||||||||||||||||||||||||||||
ဆက်ခံသူ |
| ||||||||||||||||||||||||||||||||||||||||||||||||||
ပရပ်ရှား ဝန်ကြီးချုပ် | |||||||||||||||||||||||||||||||||||||||||||||||||||
တာဝန်သက်တမ်း ၁၀ ဧပြီ ၁၉၃၃ – ၂၃ ဧပြီ ၁၉၄၅ | |||||||||||||||||||||||||||||||||||||||||||||||||||
အုပ်ချုပ်ရေးမှူး |
| ||||||||||||||||||||||||||||||||||||||||||||||||||
ယခင်လူ | Franz von Papen | ||||||||||||||||||||||||||||||||||||||||||||||||||
ဆက်ခံသူ | ဤနေရာအား ဖျက်သိမ်းခဲ့သည် | ||||||||||||||||||||||||||||||||||||||||||||||||||
Reichsstatthalter of Prussia Acting | |||||||||||||||||||||||||||||||||||||||||||||||||||
တာဝန်သက်တမ်း 25 April 1933[၁] – 23 April 1945 | |||||||||||||||||||||||||||||||||||||||||||||||||||
ဝန်ကြီးချုပ် | Himself | ||||||||||||||||||||||||||||||||||||||||||||||||||
ယခင်လူ | Adolf Hitler | ||||||||||||||||||||||||||||||||||||||||||||||||||
ဆက်ခံသူ | Position abolished | ||||||||||||||||||||||||||||||||||||||||||||||||||
Commander-in-chief of the Luftwaffe | |||||||||||||||||||||||||||||||||||||||||||||||||||
တာဝန်သက်တမ်း 1 March 1935 – 24 April 1945 | |||||||||||||||||||||||||||||||||||||||||||||||||||
Führer | Adolf Hitler | ||||||||||||||||||||||||||||||||||||||||||||||||||
ယခင်လူ | Position established | ||||||||||||||||||||||||||||||||||||||||||||||||||
ဆက်ခံသူ | Robert Ritter von Greim | ||||||||||||||||||||||||||||||||||||||||||||||||||
| |||||||||||||||||||||||||||||||||||||||||||||||||||
ကိုယ်ရေး အချက်အလက်များ | |||||||||||||||||||||||||||||||||||||||||||||||||||
မွေးဖွား | Hermann Wilhelm Göring ၁၂ ဇန်နဝါရီ၊ ၁၈၉၃ Rosenheim, Kingdom of Bavaria, German Empire | ||||||||||||||||||||||||||||||||||||||||||||||||||
ကွယ်လွန် | ၁၅ အောက်တိုဘာ၊ ၁၉၄၆ Nuremberg, Bavaria, Allied-occupied Germany | (အသက် ၅၃)||||||||||||||||||||||||||||||||||||||||||||||||||
ကွယ်လွန်ရသည့် အကြောင်းရင်း | Suicide by cyanide poisoning | ||||||||||||||||||||||||||||||||||||||||||||||||||
နိုင်ငံရေးပါတီ | Nazi Party (1922–1945) | ||||||||||||||||||||||||||||||||||||||||||||||||||
ကြင်ဖော်(များ) |
| ||||||||||||||||||||||||||||||||||||||||||||||||||
သားသမီး | Edda Göring | ||||||||||||||||||||||||||||||||||||||||||||||||||
မိဘ |
| ||||||||||||||||||||||||||||||||||||||||||||||||||
ဆွေမျိုးသားချင်း | Albert Göring (brother) | ||||||||||||||||||||||||||||||||||||||||||||||||||
နေထိုင်ရာ | Carinhall | ||||||||||||||||||||||||||||||||||||||||||||||||||
အလုပ်အကိုင် |
| ||||||||||||||||||||||||||||||||||||||||||||||||||
အစိုးရအဖွဲ့ | Hitler Cabinet | ||||||||||||||||||||||||||||||||||||||||||||||||||
လက်မှတ် | |||||||||||||||||||||||||||||||||||||||||||||||||||
စစ်မှုထမ်းခြင်း | |||||||||||||||||||||||||||||||||||||||||||||||||||
သစ္စာခံနိုင်ငံ |
| ||||||||||||||||||||||||||||||||||||||||||||||||||
တပ်/တပ်ဖွဲ့ခွဲ | |||||||||||||||||||||||||||||||||||||||||||||||||||
အမှုထမ်းကာလ |
| ||||||||||||||||||||||||||||||||||||||||||||||||||
ရာထူး | |||||||||||||||||||||||||||||||||||||||||||||||||||
Commands | Jagdgeschwader 1 | ||||||||||||||||||||||||||||||||||||||||||||||||||
တိုက်ပွဲ/စစ်ပွဲများ | |||||||||||||||||||||||||||||||||||||||||||||||||||
ဆုတံဆိပ်များ |
၁၉၂၂ ခုနှစ်တွင် ဟစ်တလာတည်ထောင်သော နာဇီအဖွဲ့သို့ ဝင်သည်။ နာဇီအဖွဲ့ မုန်တိုင်းတပ်ကိုဖွဲ့စည်း အုပ်ချုပ်ရသည်။ ၁၉၃၃ ခုနှစ်၌ ပရပ်ရှားပြည်နယ် ဝန်ကြီးချုပ်ဖြစ်၍ ပြည်ထဲရေးဝန်ကြီးလည်း ဖြစ်လာသည်။ ဂျာမန်လေတပ်ကို ကိုယ်တိုင်ဖွဲ့စည်း အုပ်ချုပ်ခဲ့သည်။ ၁၉၃၆ ခုနှစ်၌ ဒုတိယကမ္ဘာစစ်အတွက် ပြင်ဆင်မှုဖြစ်သော ၄ နှစ် စီမံကိန်းကို လုပ်ဆောင်ခဲ့သည်။ နာဇီများ တန်ခိုးကြီးချိန်တွင် ဂျာမန်လေတပ်စစ်သူကြီးဖြစ်သော ဂိုးရင်းသည် အလွန်အရေးပါ အရာရောက်ခဲ့၍ ဟစ်တလာ၏ ညာလက်ရုံးကြီး ဖြစ်ခဲ့သည်။ သို့သော် ဒုတိယကမ္ဘာစစ်ကြီးပြီးခါနီး ၁၉၄၅ ခုနှစ်တွင် ဟစ်တလာနှင့် မသင့်မတင့်ဖြစ်၍ နာဇီပါတီမှ နုတ်ထွက်ခဲ့လေသည်။ စစ်ကြီးအပြီး စစ်ရာဇဝတ်ကောင်များကို စစ်ဆေးသော မဟာမိတ်စစ်ခုံရုံးက ဂိုးရင်းအား စစ် ရာဇာဝတ်ကောင်အဖြစ်ဖြင့် ၁၉၄၆ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့၌ သေဒဏ်အမိန့်ချမှတ် လိုက်သည်။ သေဒဏ်အပြစ်ပေးရန်နေ့သို့ မရောက်မီ ဂိုးရင်းသည် မိမိကိုယ်ကို မိမိအဆိပ်ခတ်၍ အဆုံးစီရင်လိုက်လေသည်။[၄]
ကိုးကား ပြင်ဆင်ရန်
- ↑ Kershaw 2008, p. 284.
- ↑ ၂.၀ ၂.၁ Evans 2005, p. 358.
- ↑ ၃.၀ ၃.၁ Nazi Conspiracy and Aggression 1946, pp. 100–101.
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)