ငါးပိဖုတ် မျက်နှာသာပေး ရွှေရေးပန်းကန်တက်
ငါးပိဖုတ် မျက်နှာသာပေး ရွှေရေးပန်းကန်တက် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။
ရှင်းလင်းချက် ပြင်ဆင်ရန်
ငါးပိဖုတ်ကို လိုလားကြောင်းပြသည့်အခါ စလောင်းပေါ် နေရမည့် ငါးပိသည် ရွှေရေး ပန်းကန်ပေါ် ရောက်လာသကဲ့သို့ အသိအလိမ္မာနည်းသူကို မျက်နှာသာ ပေးသောအခါ ကမ်းတက်သည်။
မူလရင်းမြစ် ပြင်ဆင်ရန်
- "ပေါင်းရာကျွမ်းဝင်၊ ဆွေခင်ပွန်းအချို့ ဓလေ့လည်း... ငါးပိဖုတ် မျက်နှာချိုသွေး ရွှေရေးပန်းကန်သို့ တက်သည်ဆိုသကဲ့သို့။" [၁၁၅၂-ခန့်]ကျည်း။ ၁၃၈။
- "ငါးပိဖုတ် မျက်နှာသာပေး ရွှေရေးပန်းကန်တက် တတ်တယ်တဲ့ ပြောလိုက်တာ။ ခုတော့ ဆွမ်းတော်ခွက်ပေါ်တောင် တက်နေပါပေါ့လား။" [၁၂၉၃] ကဝိမှန်၊ ၅၊ ၈။ ၂၀၉။
ဆိုလိုရင်းတူညီသောအခြားစကားပုံ ပြင်ဆင်ရန်
- မျက်နှာသာပေး ရွှေရေးပန်းကန်တက် နှင့် အတူတူဖြစ်သည်။