Green pigeons
male Thick-billed green pigeon
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Aves
မျိုးစဉ်: Columbiformes
မျိုးရင်း: Columbidae
မျိုးရင်းသေး: Treroninae
မျိုးစု: Treron
Vieillot, 1816
အမျိုးအစား မျိုးစိတ်
Columba curvirostra
Gmelin, 1789
မျိုးစိတ်

(Total 30)See text

ငူငှက်သည် ခိုချိုးငှက်တို့နှင့်အတူ 'ကိုလံဗီဒီ'မျိုးရင်းတွင် ပါဝင်သည်။ ငူ၌ စိမ်းစိုသော အမွေးအတောင်များ ရှိ၏။ ငူအမျိုးပေါင်း များပြားသဖြင့် တစ်မျိုးနှင့်တစ်မျိုးကို ခွဲခြား၍ သိရန်မှာ မလွယ်ကူချေ။ အထူးသဖြင့် ငူအမများကို အမျိုးခွဲခြား သိရန်မှာ သာ၍ပင် ခက်ခဲသည်။

ငူတို့သည် အအုပ်အသင်းနှင့် နေတတ်ကြသည်။ ညောင်ပင်များ၌ များသောအားဖြင့် ကျက်စားတတ်ကြသည်။ သစ်ပင်ထက်၌ နားနေကြစဉ် သစ်ရွက်စိမ်းများနှင့် ခွဲခြား၍ မရနိုင်ပေ။ လေချွန်သံဖြင့် အော်မြည်ကြသောအခါမှ ယင်းတို့ ရှိမှန်းကို သိကြရသည်။ ငူ၏ ကိုယ်အရှည်အလျားမှာ ၁ဝ လက်မ၊ ၁၂ လက်မခန့် ရှိသည်။ ကိုယ်၏ အလုံးအထည်မှာ အလျားနှင့် လိုက်လျောစွာ ရှိသဖြင့် ကြည့်၍ကောင်းသော ငှက်မျိုး ဖြစ် လေသည်။ ထိုငှက်၏ခြေများသည် သစ်ပင်တက်နိုင်ရန်အတွက် ကျယ်ပြန့်၍ သန်စွမ်း၏။

ငူတို့တွင် ခြေဝါငူရင်ပတ်ဝါငူနှုတ်သီးထူငူ စသည်ဖြင့် ငူအမျိုးမျိုး ရှိသည်။ ယင်းတို့ကို နီပေါနိုင်ငံအိန္ဒိယနိုင်ငံမြန်မာနိုင်ငံသီရိလင်္ကာနိုင်ငံအင်ဒိုချိုင်းနားမလေးရှားကျွန်းဆွယ်ဂျာဗားကျွန်းတို့၌ တွေ့ရသည်။ [၁]


ပုံများ ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)