ငှက်ဘီလူး
Two grey butcherbirds (Cracticus torquatus)
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Aves
မျိုးစဉ်: Passeriformes
မျိုးရင်း: Artamidae
မျိုးရင်းသေး: Cracticinae
မျိုးစု: Cracticus
Vieillot, 1816
အမျိုးအစား မျိုးစိတ်
Cracticus cassicus
Black butcherbird with the remains of a wing in Cairns, Australia.

ငှက်ဘီလူး (Cracticus) သည် ငှက်တဇပ်နှင့်အတူ 'လန်နီးဒေး'မျိုးရင်းတွင် ပါသည်။ သတ္တဗေဒ(ပါဏဗေဒ‎) အမည်မှာ 'လန်နိယပ် ကိုလျူရီ အိုအီဒီးကို လျူရီအိုအီဒီး' ဖြစ်သည်။ အလျား ၉ လက်မ ရှိသည်။ ပျံသန်းသည့်အခါ တို၍ဝိုင်းနေသော အတောင်ပေါ်ရှိ အဖြူကွက်နှင့် အဖျားတွင် ဖြူလျက်ရှိသော အမြီးရှည်ကို အဝေးကပင် ထင်ရှားစွာ မြင်နိုင်သည်။ အသံမာသည်။ ငှက်ဘီလူးဟူသော အမည်နှင့်လိုက်အောင် ငှက်ငယ်များ၊ လိပ်ပြာ၊ ချေထိုးပိုး စသည်တို့ကို ဖမ်းဆီးသတ်ဖြတ်ကာ အစာအဖြစ် သိုလှောင်ထားတတ်သည်။ ကွင်းပြင်၊ ချုံဖုတ်၊ တောစပ်၊ စိုက်ခင်းများအနီးအနားတို့တွင် ကျက်စားလေ့ရှိသည်။ ဧပြီလမှ ဇွန်လအထိ အချိန်မှာ ငှက်ဘီလူးများ သားပေါက်ချိန် ဖြစ်သည်။ အသိုက်ကို သစ်ပင်ထက်တွင် သစ်ရွက်၊ မြက်၊ ရေညှိ၊ အမွေးအတောင်များဖြင့် ပြုလုပ်တတ်သည်။ အသိုက်သည် တချို့ကြီး၊ တချို့ငယ်သည်။ တစ်မြုံလျှင် ၃ ဥမှ ၆ ဥအထိ ရှိသည်။ ဥ၌ အရောင်အမျိုးမျိုး ရှိသည်။ ငှက်ဘီလူးကို မြန်မာနိုင်ငံ၊ အာသံ၊ အာနမ်နှင့် ထိုင်းနိုင်ငံတို့တွင် တွေ့ရသည်။ ထိုငှက်များသည် ဆောင်းရာသီမှသာ တွေ့ရသော ဒေသပြောင်းရွှေ့နေတတ်သည့် ငှက်များဖြစ်သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)