စပိန်အင်ပါယာ [မှတ်စု ၂]သည် ၁၄၉၂ ခုနှစ်မှ ၁၉၇၆ ခုနှစ်အထိ သက်တမ်း ရှည်ကြာခဲ့သော ကိုလိုနီအင်ပါယာတခုဖြစ်သည်။[၃][၄] ပေါ်တူဂီ အင်ပါယာနှင့် ပေါင်းစည်းပြီးနောက် စပိန်အင်ပါယာသည် စူးစမ်းရှာဖွေမှုခေတ်သစ်ကို ဖွင့်လှစ်ကာ တကမ္ဘာလုံးအတိုင်းအတာအနည်ဖြင့် အောင်မြင်မှု ရရှိခဲ့သည်။[၅] စပိန်အင်ပါယာသည် အမေရိကတိုက်အာဖရိကတိုက်၏ အစိတ်အပိုင်းများ၊ အာရှတိုက်၏ ကျွန်းများစွာနှင့် အိုရှန်းနီးယားအပြင် ဥရောပတိုက်၏ အခြားဒေသများစွာကို ထိန်းချုပ်နိုင်ခဲ့သည်။[၆] အင်ပါယာသည် ခေတ်သစ်သမိုင်းတွင် အင်အားအကြီးဆုံး အင်ပါယာတခုဖြစ်ခဲ့ပြီး နေမဝင် အင်ပါယာ ဟု အမည်တွင်ခဲ့သည်။[၇] အင်ပါယာ၏ အထွဋ်အထိပ်ကာလ ၁၇၀၀ နှောင်းပိုင်းကာလနှင့် ၁၈၀၀ အစောပိုင်းကာလများတွင် နယ်နမိတ်အကျယ်အဝန်းသည် ၁၃ သန်း စတုရန်း ကီလိုမီတာ (၅ သန်း စတုရန်းမိုင်)ရှိကာ သမိုင်းတွင် အကြီးမားဆုံးအင်ပါယာအဖြစ် မှတ်တမ်းဝင်ခဲ့သည်။[၈]

Spanish Empire
Imperio español  (စပိန်)
Spanish Empire၏ အလံတော်
ဆောင်ပုဒ်: Plus Ultra  (လက်တင်)
"Further Beyond"
နိုင်ငံတော် သီချင်း: Marcha Real  (စပိန်)
"Royal March"
Spanish Empire၏ တည်နေရာ
မြို့တော်Itinerant court (1492–1561)
မာဒရစ်မြို့ (1561–1601, 1606–1976)
Valladolid (1601–1606)
ရုံးသုံး ဘာသာစကားများစပိန်
အခြား ဘာသာစကားများ
ကိုးကွယ်မှုရိုမန်ကတ်သလစ်[မှတ်စု ၁]
DemonymSpaniard or Spanish
အဖွဲ့ဝင်
အစိုးရ 1975–1976
ငွေကြေးSpanish real
Escudo (from 1537)
Spanish dollar (from 1598)
Spanish peseta (from 1869)

ပထမတွင် ပေါ်တူဂီသည် စပိန်အတွက် တခုတည်းသောပြိုင်ဘက်ဖြစ်ခဲ့သည်။ ပေါ်တူဂီ နယ်ချဲ့ခြင်းအား အဆုံးသတ်ရန် စပိန်သည် ပေါ်တူဂီအား ၁၅၈၀ ခုနှစ်တွင် ကျူးကျော်သိမ်းပိုက်ခဲ့ပြီး ဖိလစ် ဘုရင်သည် ၁၅၈၁ ခုနှစ်တွင် သရဖူဆောင်းခဲ့သည်။ ပြင်သစ်နှင့်ဖြစ်ပွားသော အီတလီတို့၏စစ်ပွဲတွင် စပိန်ပါဝ်လာပြီး အီတလီ၏ နယ်မြေထက်ဝက်ကျော်အား ထိန်းချုပ်လိုက်သည်။ ၁၄၉၂ ခုနှစ်တွင် ခရစ္စတိုဖာ ကိုလံဘတ် ပေါ်ထွက်လာပြီး ရာစုနှစ် ၃ ခုကျော်အကြာတွင် စပိန်အင်ပါယာသည် ကာရစ်ဘီယံကျွန်းတလျှောက်၊ တောင်အမေရိကတိုက် ထက်ဝက်၊ ဗဟို အမေရိကတိုက်အားလုံးနီးပါးနှင့် မြောက်အမေရိကတိုက်၏ အတော်များများအထိ ကျယ်ပြန့်လာခဲ့သည်။

၁၉ ရာစုအစောပိုင်းတွင် အမေရိကရှိ ကိုလိုနီနယ်မြေများက လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ကြရာ စပိန်အင်ပါယာသည် ကြီးမားသော နယ်မြေဆုံးရှုံးမှုများနှင့် ကြုံတွေ့ခဲ့ရသည်။[၉] ၁၉၀၀ ခုနှစ်ရောက်သော် ကာရစ်ဘီယံနှင့် ပစိဖိတ်ရှိ ကိုလိုနီများကိုပါ လက်လွှတ်ခဲ့ရကာ အာဖရိကတွင်သာ ကျန်ခဲ့တော့သည်။

မှတ်စု ပြင်ဆင်ရန်

  1. The Catholic Church was the State religion of the Spanish Empire, but the following religions were also present in the empire: Islam (Sunni Islam (Hanafi and Maliki [the latter until 1609] schools), Shia Islam, Crypto-Islam), Aztec religions, Inca religions, Buddhism, Hinduism, Sikhism, Jainism, Animism and Judaism (Crypto-Judaism).
  2. စပိန်: Imperio español

ကိုးကား ပြင်ဆင်ရန်

  1. Monarchy nominally restored in 1947
  2. Government proclaimed in 1936
  3. Wright၊ Edmund, ed. (2015)။ A Dictionary of World History (2nd ed.)။ Oxford: Oxford University Press။ doi:10.1093/acref/9780192807007.001.0001ISBN 978-0191726927
  4. Echávez-Solano၊ Nelsy; Dworkin y Méndez၊ Kenya C., eds. (2007)။ Spanish and Empire။ Nashville, Tenn.: Vanderbilt University Press။ pp. xi–xvi။ doi:10.2307/j.ctv16755vb.3ISBN 978-0826515667S2CID 242814420 |s2cid= တန်ဖိုး စစ်ဆေးရန် (အကူအညီ)
  5. Beaule၊ Christine; Douglass၊ John G., eds. (2020)။ The Global Spanish Empire: Five Hundred Years of Place Making and Pluralism။ Amerind Studies in Anthropology။ Tucson: University of Arizona Press။ pp. 3–15။ doi:10.2307/j.ctv105bb41ISBN 978-0816545711JSTOR j.ctv105bb41S2CID 241500499 |s2cid= တန်ဖိုး စစ်ဆေးရန် (အကူအညီ)။ 30 August 2021 တွင် မူရင်းမှ မော်ကွန်းတင်ပြီး 6 August 2021 တွင် ပြန်စစ်ပြီး – via Open Research Library။
  6. Gibson, p. 91; Lockhart & Schwartz 1983, p. 19.
  7. Márquez၊ Carlos E. (2016)။ "Plus Ultra and the Empire Upon Which the Sun Never Set"။ in Tarver၊ H. Micheal; Slape၊ Emily (eds.)။ The Spanish Empire: A Historical Encyclopedia [2 volumes]: A Historical Encyclopedia။ ABC-CLIO။ p. 161။ ISBN 978-1610694223။ 14 January 2023 တွင် မူရင်းမှ မော်ကွန်းတင်ပြီး 19 September 2022 တွင် ပြန်စစ်ပြီး
  8. Taagepera (September 1997). "Expansion and Contraction Patterns of Large Polities: Context for Russia". International Studies Quarterly 41 (3): 492–502. doi:10.1111/0020-8833.00053. 
  9. Lynch, John. "Spanish American Independence" in The Cambridge Encyclopedia of Latin America and the Caribbean 2nd edition. New York: Cambridge University Press 1992, p. 218.