စိန့်လောရင့်စ်မြစ်(Saint Lawrence River) (ပြင်သစ်ဘာသာ: fleuve Saint-Laurent; Tuscarora: Kahnawáʼkye;[2] Mohawk: Kaniatarowanenneh, အဓိပ္ပာယ်မှာ "ရေလမ်းကြောင်းကြီး"ဖြစ်သည်)သည် မြောက်အမေရိက အရှေ့ဘက်တွင်ရှိသော ကြီးမားသည့် မြစ်ကြီးဖြစ်သည်။ ထိုမြစ်ကြီးသည် ကနေဒါနိုင်ငံ ကယူးဘက် ပြည်နယ် အွန်တရီအို နှင့် အမေရိကန်ပြည်ထောင်စု နယူး‌ယောက်မြို့အကြားဖြတ်သန်းစီးဆင်းနေပြီးလျှင် ကနေဒါနိုင်ငံ မွန်ထရီရယ်မြို့ တလျောက် ဖြတ်သန်းစီးဆင်းနေသည်။ အဆိုပါမြစ်သည် ကနေဒါနိုင်ငံ၏ တတိယမြောက်အကြီးဆုံးမြစ်ကြီးတစ်ခုဖြစ်သည်။

စိန့်လောရင့်စ်မြစ်(Saint Lawrence River)
Fleuve Saint-Laurent, Fleuve St-Laurent, St-Lawrence River, St-Laurent River
အလက်ဇန်းဒဲယား အနီးရှိ စိန့်လောရင့်စ်မြစ်
ဂရိတ်လိတ်စ်/စိန့်လောရင့်စ်မြစ် မြေပုံ
အခြားအမည်(များ)Fleuve Saint-Laurent, Fleuve St-Laurent, St-Lawrence River, St-Laurent River
အမည်ရင်းမြစ်Saint Lawrence of Rome
Countryကနေဒါ, အမေရိက
ပြည်နယ်များOntario, Quebec
ပြည်ထောင်စုနယူးယောက်ပြည်နယ်
အဓိကမြို့တော်မွန်ထရီရယ်
Metropolitan AreaGreater Montreal
အချက်အလက်များ
မြစ်ဖျားခံရာLake Ontario
Kingston, Ontario / Cape Vincent, New York
၇၄.၇ m (၂၄၅ ft)
44°06′N 76°24′W / 44.100°N 76.400°W / 44.100; -76.400
စီးဝင်ရာနေရာGulf of St. Lawrence / Atlantic Ocean
Quebec, Canada
၀ m (၀ ft)
49°30′N 64°30′W / 49.500°N 64.500°W / 49.500; -64.500ကိုဩဒိနိတ်: 49°30′N 64°30′W / 49.500°N 64.500°W / 49.500; -64.500
အလျား၅၀၀ km (၃၁၀ mi)Excluding the estuary. Ca. 1200 km if included.
စီးဆင်းမှု
  • ပျမ်းမျှ နှုန်း:
    ၁၆,၈၀၀ m3/s (၅၉၀,၀၀၀ cu ft/s)
မြစ်ဝှမ်း အချက်အလက်များ
မြစ်ဝှမ်းအရွယ်၁,၃၄၄,၂၀၀ km2 (၅၁၉,၀၀၀ sq mi)[၁]

ဂရိတ်လိတ်စ် မှ စီးဆင်းလာသည့် ရေများသည် ထိုမြစ်အတွင်းစီးဝင်ပြီး အတ္တလန္တိတ်သမုဒ္ဒရာအတွင်း စီးဝင်သည်။ မြစ်၏ အရှည်မှာ ကီလိုမီတာ ၃၀၀၀‌ ကျော်ရှိသည်။ ထိုမြစ်ဝ အတ္တလန္တိတ်သမုဒ္ဒရာတွင်ဆုံးပြီး ထိုနေရာသည် ကမ္ဘာ့အကြီးဆုံး မြစ်ဝဖြစ်ကာ စိန့်လောရင့်စ်ပင်လယ်ကွေ့ ဟုခေါ်တွင်ကြလေသည်။

ကနေဒါမြို့များဖြစ်ကြသည့် ကင်းစတွန်း၊ မွန်တရီရယ်၊ တွိုင့်စ်-ရေဗီရက်စ် နှင့် ကယူးဘက် မြို့များသည် ထို့မြစ်တလျောက်တည်ရှိသည်။ စိန့်လောရင့်စ် ကုန်းတွင်းပိုင်းရေနက်လမ်းကြောင်းတလျောက် သင်္ဘောများ မြစ်အထက်ထိ သွားလာနိုင်ပြီး မြောက်အမေရိကမြောက်ဘက် ဂရိတ်လိတ်စ်တည့်တည့်တလျောက် သွားလာနိုင်သည်။


ကိုးကား ပြင်ဆင်ရန်

  1. Natural Resources Canada, Atlas of Canada - Rivers