၁၃၂၂ ခု၊ သီတင်းကျွတ်လပြည့်နေ့တွင် အဖ ဦးကျင်မောင်၊ အမိ ဒေါ်ခင်ဝင်းတို့မှ ဖြူးမြို့တွင် မွေးဖွားခဲ့သည်။ ဖြူးမြို့ အထက (၁) တွင် အခြေခံပညာအထက်တန်း အောင်မြင်ပြီးနောက် ပဲခူးဒေသကောလိပ်တွင် ရေထွက်ပစ္စည်းအတတ်ပညာ ဒီပလိုမာသင်တန်းတက်ရောက်သင်ကြားခဲ့သည်။

ဒေါက်တာစိုးလွင်
မွေးဖွား၁၃၂၂ခု၊ သီတင်းကျွတ်လပြည့်နေ့
ဖြူးမြို့
မိခင်ကျောင်းဆေးတက္ကသိုလ် (မန္တလေး)

၁၉၈၀ ပြည့်နှစ်တွင် ဆေးတက္ကသိုလ် (မန္တလေး)သို့ ရောက်ရှိပြီး ၁၉၈၅ခုနှစ်တွင် M.B.B,S(MDY) ဆရာဝန်ဘွဲ့ရရှိခဲ့သည်။ ၁၉၈၇ ခုနှစ်မှ ၁၉၉၀ပြည့်နှစ်ထိ ၃နှစ်တာ တပ်မတော်တွင် ပြည့်သူ့ စစ်မှုထမ်းဆေးမှူး ဗိုလ်အဆင့် တာဝန်ထမ်းဆောင်ခဲ့ပြီး ဆေးတက္ကသိုလ်(၁) ရန်ကုန်မှ ဆေးပညာ M.Med.Sc(O&G) ဘွဲ့ကို ၁၉၉၃ ခုနှစ်တွင် ရရှိခဲ့သည်။ အင်္ဂလန်သို့ ပညာတော်သင်သွားခွင့်ရခဲ့ပြီး M.R.C.O.G(UK) ဘွဲ့ကို ၂၀၀၀ ပြည့်နှစ်တွင်ရရှိသည်။ အလုပ်သင်ဆရာဝန်ဘဝတွင် ဝါသနာအလျှောက် စာများစတင်ရေးသားခဲ့ပြီး နှစ်ပေါင်း တစ်ဆယ့်ရှစ်နှစ်ကြာ (၂၀၀၄) ခုနှစ် ဖေဖော်ဝါရီလ "သုခချမ်းသာ"မဂ္ဂဇင်းတွင်ပုံနှိပ်ဖော်ပြခွင့်ရခဲ့သော "မိုက်ကယ်ရယ် သော်တာဆွေရယ် လူနာတစ်ယောက်ရယ် ကျွန်တော်ရယ်"ဝတ္ထုတိုနှင့် စာပေလောကသို့ ဝင်ရောက်ခဲ့သည်။

ပထမဆုံးဝတ္ထုတိုပေါင်းချုပ် ပြင်ဆင်ရန်

"ဆရာဝန်စစ်စစ်ဖြစ်ချင်တယ်နှင့် ဆေး‌လောက ဇာတ်ခုံပေါ်က အတွေ့အကြုံများ" စာအုပ်ဖြင့် ၂၀၀၇ ခုနှစ် ထွန်းဖောင်ဒေးရှင်းစာပေဆု ရရှိခဲ့သည်။

တတိယဝတ္ထု ပေါင်းချုပ်ဖြစ်သော "လူနာဖြစ်သွားသော ဆရာဝန်နှင့် ဆေးလောက ဇာတ်ခုံပေါ်က အတွေ့အကြုံများ" စာအုပ်ဖြင့် ၂၀၀၈ ခုနှစ် သုတစွယ်စုံစာပေဆု ရရှိခဲ့သည်။

Good Health Journal, Health Care Journal, Health Digest Journal, Health Updates Journal, Aveneue Journal, အာယုဒီဃ ဂျာနယ်,Fashion Image Magazine, Eternal Light Magazine, Youth Magazine များတွင် အပတ်စဉ် လစဉ် ဆေးပညာအအခြေခံသော ဝတ္ထု ဆောင်းပါးများ မှန်မှန်ရေးသားလျက်ရှိပြီး ယခုအချိန်အထိ လုံးချင်း စာအုပ် (၂၁) အုပ်ရေးသားထုတ်ဝေခဲ့ပြီးဖြစ်သည်။

ယခုအခါ ရန်ကုန်မြို့ ဗဟိုအမျိုးသမီးဆေးရုံကြီး ဆေးတက္ကသိုလ် (၁)ရန်ကုန် သားဖွား မီးယပ်ပညာဌာနတွင် သားဖွား မီးယပ်အထူးကုဆရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ရင်းစာများရေးသားလျက်ရှိသည်။

ထုတ်ဝေပြီးသော စာအုပ်များ ပြင်ဆင်ရန်

  1. ၁။ ဆရာဝန်စစ်စစ်ဖြစ်ချင်တယ်နှင့် ဆေးလောကဇာတ်ခုံပေါ်က အတွေ့အကြုံများ
  2. ၂။ သိကောင်းစရာသားဆက်ခြားနည်းအဖြာဖြာ
  3. ၃။ အပျိုကြီးပဲဖြစ်စေချင်နှင့်ဆေးလောကဇာတ်ခုံပေါ်ကအတွေ့အကြုံများ
  4. ၄။ ပွင့်သောပန်းတိုင်းလှစေချင်နှင့်အမျိုးသမီးကျန်းမာရေးပြဿနာအဖြာဖြာ
  5. ၅။ ချစ်တတ်မှကလေးရနင့် သားသမီးရတနာရစေသောနည်းလမ်းကောင်းများ
  6. ၆။ လူနာဖြစ်သွားသော ဆရာဝန်နှင့် ဆေးလောကဇာတ်ခုံပေါ်က အတွေ့အကြုံများ
  7. ၇။ မိခင်လောင်းတို့ အရေးမေးချင်ရာမေး
  8. ၈။ မိခင်လောင်းတို့ သိကောင်းစရာအဖြာဖြာ
  9. ၉။ နားကြပ်ထဲမှ ငိုရှိုက်သံများနှင့် ဆေးလောကဇာတ်ခုံပေါ်က အတွေ့အကြုံများ
  10. ၁၀။ ဆေးရုံကမဆင်းရ သေမင်းကအိမ်မှာနှင့် အမျိုးသမီးကျန်းမာရေးပြဿနာများ
  11. ၁၁။ ရှက်ရှက်မှာဖြစ်သော ကင်ဆာအပါအဝင် အခြားကင်ဆာရောဂါဆောင်းပါးများ
  12. ၁၂။ မမေ့နိုင်စရာ မိုးညတစ်ညနှင့် ဆေးလောကဇာတ်လမ်းများ
  13. ၁၃။ ဆရာဝန်ဖြစ်ရကျိုးနပ်ပြီနှင့် ဆေးလောကဇာတ်ခုံပေါ်က အတွေ့အကြုံများ
  14. ၁၄။ အပျော်ဆုံးအချိန်နှင့် ဆေးလောကဇာတ်ခုံပေါ်က လူနာမျိုးစုံ ဇာတ်လမ်းအဖုံဖုံ
  15. ၁၅။ ဂျစ်တူးလေးရဲ့မျှော်လင့်ချက်မနက်ဖြန်
  16. ၁၆။ ခြင်္သေ့နှလုံးသားနှင့်မိန်းမလက်များ
  17. ၁၇။ မစခင်ကတည်းက ရှုံးတဲ့တိုက်ပွဲနှင့် ဂျစ်တူးဖတ်ဖို့ပေးစားများ
  18. ၁၈။ ရာသီမလာခင်လူသတ်ချင်နှင့် ရွှေမင်းသမီးတို့ရဲ့စပ်စပ်စုစုမေးခွန်းများ။
  19. ၁၉။ ချစ်ရမှာစာမလိပ်
  20. ၂၀။ ဆေးကုရမှာကြောက်တဲ့ဆရာဝန်နှင့် ဆေးလောက ဇာတ်ခုံထက်ကသံသယမုန်တိုင်း
  21. ၂၁။ ဖဲမွေ့ယာပေါ်က ယောက်ျားမဟုတ်သော စက်ရုပ်