စူကာပင်

အပင်မျိုးစိတ်များ
Passiflora laurifolia
P. laurifolia flower
P. laurifolia fruit
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Rosids
မျိုးစဉ်: Malpighiales
မျိုးရင်း: Passifloraceae
မျိုးဇာတ်: Passifloreae
မျိုးစု: Passiflora
မျိုးစိတ်:
P. laurifolia
ဒွိနာမ
Passiflora laurifolia

စူကာပန်းကို နွယ်နီနတ်ပန်းဟူ၍လည်း ခေါ်သည်။ ရုက္ခ ဗေဒအမည်မှာ 'ပက်ဆီဖလိုရာ လောရီဖိုးလီးယား' ဖြစ်သည်။ အလွန်လှပ၍ မွှေးကြိုင်သည်။ ထိုပန်းပင်မျိုးသည် နိုင်ငံခြား၌ မူလပေါက်သည်။ အနောက်အိန္ဒိယကျွန်းစုတွင် ထိုပန်းပင်ကို ကျွဲခေါင်းသီးနွယ်ဟူ၍ ခေါ်သည်။ ဤလောရီဖိုးလီးယား ပန်း မျိုးသည် အနောက်အိန္ဒိယကျွန်းစုမှ မြန်မာနိုင်ငံသို့ အဦးဆုံး ယူလာသော စူကာပန်းမျိုးဖြစ်သည်ဟု ယူဆရသည်။

ရုက္ခဗေဒ အမည်ဖြင့် 'မက်ဆီဖလိုရာ ဖိတီတာ'ဟု ခေါ် သော စူကာပန်းမျိုးလည်း ရှိသည်။ ထိုပန်းမျိုးကို တောစူကာ ဟူ၍လည်းကောင်း၊ သကြားသီးနွယ် ဟူ၍လည်းကောင်း ခေါ်သည်။ ထိုပန်းအနံ့မှာ မကောင်းချေ။ ဥယျာဉ်များတွင် တွေ့ရခဲသော်လည်း ခြံစည်းရိုး များပေါ်၌ နွယ်လျက်ပေါက်သည်ကို တွေ့ရတတ်သည်။ တောစူ ကာပန်းမျိုးကို မော်လမြိုင်မြို့အနီးတွင် အများအားဖြင့် တွေ့ရ သည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း အတွဲ(၃)