ဆင်ကျီစားရာ ဆိတ်မခံသာ
ဆင်ကျီစားရာ ဆိတ်မခံသာ ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။
ရှင်းလင်းချက် ပြင်ဆင်ရန်
ဆင်က ကျီစားသည့်သဘောဖြင့် ပြုမူသော်လည်း ဆိတ်အဖို့ မခံသာအောင် နာကျင်သကဲ့သို့ အားကြီးသူက ထိခိုက်လိုသည့်သဘောမပါဘဲ ခပ်ပေါ့ပေါ့ ပြုလိုက်သော အမှုသည် အားနည်းသူအဖို့ မခံသာအောင် ဖြစ်ရသည်။ [၁]
မူလရင်းမြစ် ပြင်ဆင်ရန်
- "ဆင်ကျီစားရာ ဆိတ်မခံသာဆိုသလို ဓနရှင်တွေ ပြုမူနှိပ်စက်ပုံက တင်းလွန်းလို့ ဆင်းရဲလှတဲ့အတွက်..." [၁၃၀၁] ဒဂုန်၊ ၁၉၊ ၂၂၃။ ၈၇။