ဆင်ပိန် ကျွဲလောက်
ဆင်ပိန် ကျွဲလောက် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။
ရှင်းလင်းချက် ပြင်ဆင်ရန်
ဆင်သည် ကြုံလှီသွားစေကာမူ ကျွဲကိုယ်ထည်လောက် ရှိသေးသကဲ့သို့ ကြွယ်ဝချမ်းသာသူသည် စီးပွားရေးကျဆင်းသွားစေကာမူ သာမန်သူထို့ထက် စီးပွားထုထည်ရှိသေးသည်။ [၁]
မူလရင်းမြစ် ပြင်ဆင်ရန်
- "အရင်ကလိုတော့ များစွာ မချမ်းသာဘူး။ သို့သော်လည်း ဆင်ပိန် ကျွဲလောက်ဆိုတာလို အတော်အတန်တော့ ရှိသေးတာပါပဲ။" [၁၂၇၈] တင်မြ၊ ပ။ ၁၂။
အခြားအသုံးနှုန်း ပြင်ဆင်ရန်
- ဆင်ကြုံ ကျွဲလောက် ဟူ၍လည်း အသုံးရှိသည်။
ဝစ်ရှင်နရီ၊ အခမဲ့အဘိဓာန်တွင် ကြုံလှီ ကို ရှာဖွေကြည့်ရှုပါ။