ဆိုင်ဖွန်သည် ရေသွယ်ယူသောပြွန်တစ်မျိုးဖြစ်၍ ရကောက် ပြွန်ဟုလည်းခေါ်ကြသည်။ အထူးသဖြင့် မော်တော်ကားသမား တိုင်းလိုလိုပင် မော်တော်ကားရှိဓာတ်ဆီလှောင်သောကန်ထဲမှ ဓာတ်ဆီကို အလွယ်တကူ ထုတ်ယူလိုသောအခါ၌ ဤပြွန်မျိုးကို လက်တွေ့အသုံးချလေ့ရှိသည်။ မော်တော်ကားသမားများ ပြုလေ့ ပြုထရှိသောနည်းမှာ အရွယ်တော် ရော်ဗာပိုက်လုံးတစ်လုံးကို ယူပြီးလျှင် ထိုပိုက်လုံး၏ အစတစ်ဖက်ကို ဓာတ်ဆီတိုင်ကီ အတွင်းရှိ ဓာတ်ဆီအောက်သို့ မြုပ်နေအောင်ထိုးထည့်၍ ကျန်အစတစ်ဖက်မှ ပါးစပ်ဖြင့် ဓာတ်ဆီကို စုတ်သွင်းသည်။

ဆိုင်ဖွန်
အိမ်တွင်း ဘီယာချက်ရာတွင် သုံးသော ဆိုင်ဖွန်

ပိုက်လုံးထဲသို့ ဓာတ်ဆီလိုက်သောအခါတွငထိုအစကို အောက် သို့ ခပ်နိမ့်နိမ့်နှိမ့် ပေးလိုက်သောအခါတိုင်ကီထဲရှိဓာတ်ဆီ သည် အဆက်မပြတ်စီးထွက်လာလေသည်။ ထိုဓာတ်ဆီကို ကြိုက်ရာ ပုံး သို့မဟုတ် ပုလင်းတို့ဖြင့် ခံယူရသည်။ ဓာတ်ဆီ ကို ဤကဲ့သို့ပါးစပ်ဖြင့်စုတ်မယူဘဲအခြားတစ်နည်းဖြင့်လည်း ယူနိုင်ပေသည်။ ထိုနည်းအရ၊ ရှေးဦးစွာရော်ဗာပိုက်လုံးထဲသို့ ဓာတ်ဆီအပြည့်သွင်းရမည်။ ထိုနောက်ပိုက်ထိပ်ဝနှစ်ခုလုံးကို ခေတ္တလက်ဖြင့်ပိတ်၍ပိုက်လုံးတစကိုတိုင်ကီထဲသို့နှစ်ပြီးလျှင် ကျန်အစကိုဓာတ်ဆီလှောင်ကန်ရှိဓာတ်ဆီမျက်နှာပြင်ထက် နိမ့်အောင်နှိမ့်၍ချထားရမည်။ ထို့နောက်ပိုက်လုံးနှစ်ဖက်စလုံး ပိတ်ထားသည်ကို ဖွင့်ပေးလိုက်လျှင်ဓာတ်ဆီလှောင်ကန်ထဲမှ ဓာတ်ဆီများသည် တောက်လျှောက် စီးဆင်းလာလိမ့်မည်။ ဓာတ်ဆီနှင့်တကွအရည်မှန်သမျှကို ဤနည်းဖြင့် ဖွဲထုတ်ယူရာတွင် အသုံးပြုသော မည်သည့် ပြွန်မျိုးကိုမဆို ဆိုင်ဖွန်ပြွန်ဟူ၍ခေါ်လေသည်။

ရေစီးအားဖြင့်စက်လည်သည့် ရှေးကတီထွင်သော နာရီမျိုး တွင် ဆိုင်ဖွန်ပြွန်၏ဆောင်ရွက်တတ်ပုံသဘောမူကို အသုံးချ ခဲ့ဘူးကြောင်းသိရသည်၊တောင်ကမူနှင့်ချိုင့်ဝှမ်းများကို ကျော် ဖြတ်ဆက်သွယ်ထားသည့်အချို့သောရေသွယ်ပြွန်များမှာလည်း တစ်နည်းအားဖြင့် ဆိုင်ဖွန်ပြွန်အကြီးစားများပင်ဖြစ်လေသည်။ ဆိုင်ဖွန်၏ သဘောမှာ ဆိုင်ဖွန်၌ တိုသည့်အပိုင်းနှင့် ရှည် သည့်အပိုင်းနှစ်ခုရှိရာ၊ထိုအပိုင်းနှစ်ခုလုံးရှိ အရည်ကိုကမ္ဘာ့ဆွဲ အားကဆွဲချသည်။ သို့ရာတွင်ဆိုင်ဖွန်တိုသည့်အပိုင်းတွင် အရည်သည်အပေါ်သို့တက်ပြီးလျှင်ရှည့်သည့်အပိုင်းတွင် အောက်သို့စီးဆင်းသည်။ အရည်သည် ဤကဲ့သို့စီးဆင်းနိုင်သည် မှာ လေ၏ ဖိအားကြောင့်၎င်း၊ ဆိုင်ဖွန်၏ တိုသည့်အပိုင်းတွင်း ရှိအရည်နှင့် ရှည်သည့်အပိုင်းအတွင်းရှိအရည်တို့၏ အလေးချိန် ခြားနားခြင်းကြောင့်၎င်း ဖြစ်သည်။ ဆိုင်ဖွန်၏ ရှည်သည့် အပိုင်းရှိအပေါက်မှ အရည်စီးဆင်းချိန်တွင် ဆိုင်ဖွန်၏ထိပ်ပိုင်း တွင် ပလာနယ်ဖြစ်ပေါ်၏။ ထိုအခါ တိုသည့်အပိုင်းတွင်းရှိ အရည်သည် လေ၏ ဖိအားကြောင့် တက်လာပြီးလျှင် ထိုပလာ နယ်ကို ဖြည့်ပေးလိုက်သဖြင့် ရှည်သည့်အပိုင်းဖက်ရှိအပေါက်မှ အရည်သည် အလျင်အပြတ်စီးဆင်းလာသည်။ အကယ်၍ အရည်စီးဆင်းလာသည့်အပေါက်ကိုသာ တစ်ဖက်ရှိအပေါက်နှင့် တစ်ပြေးတည်းဖြစ်သည်အထိ မြှင့်တင်လိုက်လျှင် အရည်စီးဆင်း ခြင်း ရပ်စဲသွားပေမည်။ ထိုသို့ဖြစ်ရခြင်းသည် အရည်တက်ရ သည့်အကွာအဝေးနှင့် အရည်ဆင်းရသည့်အကွာအဝေးချင်း တူနေခြင်းကြောင့် ဖြစ်သည်။

ဆိုင်ဖွန်သည် လေ၏ဖိအားပေါ်တွင် အခြေတည်နေသဖြင့် ရေကို မည်သည့်အခါမှ ၃၄ ပေထက်ပို၍တက်အောင် ဆွဲတင် နိုင်ခြင်းမရှိပေ။ (လေထုဖိအားသည် ၃၄ ပေမျှမြင့်သော ရေထု ၏အလေးချိန်နှင့်ညီမျှသည်။)[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)