ဆူဒို ဂျီဘာ (လက်တင်: Pseudo-Geber) သည် ၁၃-၁၄ ရာစုသက်တမ်းရှိ အဂ္ဂိရတ်ဆိုင်ရာ လက်တင်ဘာသာစာပေ အစုအဝေးများကို ရည်ညွှန်းခြင်းဖြစ်၍ ထိုစာပေများကို အစ္စလာမ်ရွှေခေတ်အတွင်းက ဂျဲ့ဘား အီဘင်း ဟိုင်းယန် ရေးသားသည်ဟု ဆိုကြသည်။ ဆူဒို ဂျီဘာဆိုသည်မှာ ဂျီဘာ အတု ဟုအနက်ရသည်။ ဤစာပေအစုအဝေးများထဲက အရေးကြီးဆုံးလက်ရာမှာ Summa perfectionis magisterii (တစ်ဖက်ကမ်းခတ် တတ်မြောက်ပြည့်စုံခြင်း၏ အထွတ်အထိပ်) ဖြစ်၍ ၁၃၁၀ မတိုင်မီက ရေးသားခဲ့ခြင်း ဖြစ်တန်ရာရှိကာ ရံခါတွင် ထိုစာရေးသူသည် "တာရန်တိုမြို့က ပေါလ်"ဟု ဖော်ပြကြ၏ ။[၁] ထိုလက်ရာသည် အဂ္ဂိရတ်ပညာနှင့် သတ္တုဗေဒနယ်ပယ်တို့၌ အလယ်ခေတ်နှောင်း ဥရောပတွင် လွှမ်းမိုးနိုင်ခဲ့သည့် စာပေဖြစ်သည်။

Geberi philosophi ac alchimistae maximi de alchimia libri tres ဟူသော စာအုပ်၊ ၁၅၃၁၊ သိပ္ပံဆိုင်ရာ သမိုင်းအဖွဲ့အစည်း။
Geberis philosophi perspicacissimi, summa perfectionis magisterii ဟူသော စာအုပ်၊ ၁၅၄၂

ဂျဲ့ဘား အီဘင်း ဟိုင်းယန်၏ သမိုင်းကြောင်းစစ်မှန်မှုသည် မေးခွန်းထုတ်ဖွယ်ရှိပြီး အစ္စလာမ်စာပေအများစုကို ၎င်းရေးသာပြုစုသည်ဟု ဆိုထားသည်မှာ ကလောင်အမည်ဝှက်များသာဖြစ်သည်။ အဂ္ဂိရတ်သမိုင်းဆရာတို့၏ အစောပိုင်း အစ္စလာမ် အဂ္ဂိရတ်စာပေများကို Corpus Jabirianum (သို့) Jabirian Corpus ဟု ညွှန်းကြသည်မှု ပုံမှန်အလေ့အထဖြစ်၍ နှောင်းပိုင်း ၁၃-၁၄ ရာစု လက်တင်စာစုများကိုလည်း Pseudo-Geber ဟု ညွှန်းကြပြီး ထိုဆူဒို ဂျီဘာဆိုသည့် ဝေါဟာရကို မာဆယ်လင် ဘဲတာလို (Marcellin Berthelot) က တည်ထွင်ခဲ့သည်။ ဆူဒို ဂျီဘာ ပြဿနာသည် အစ္စလာမ်နှင့် လက်တင်စာစုနှစ်ခုကြား ဖြစ်နိုင်သောပတ်သက်မှုနှင့်ပတ်သက်၍ အငြင်းပွားဖွယ်ဖြစ်ရာ ဤပြဿနာကို ကာလရှည်ကြာ ငြင်းခုံဆွေးနွေးခဲ့ကြလေသည်။ ယခု၌မူ လက်တင် ဆူဒို ဂျီဘာ စာစု၏ အချို့အပိုင်းများသည် မိုဟာမက် အီဘင်း ဇာကာရီးယာ အယ်လ် ရာဇီ ကဲ့သို့သော အစောပိုင်း အစ္စလာမ် စာရေးဆရာများ၏ စာပေအပေါ်တွင် အခြေခံသည်ဟု အများအားဖြင့် ယူဆကြသည်။

ကိုးကား ပြင်ဆင်ရန်

  1. William R. Newman. New Light on the Identity of Geber", Sudhoffs Archiv 69 (1985): 79-90