ဆောဖလိုင်းပိုးကောင်

အင်းဆက်မျိုးစဉ်ခွဲ
(ဆောဖလိုင်းယင်ကောင် မှ ပြန်ညွှန်းထားသည်)
ဆောဖလိုင်းပိုးကောင်
(Sawfly)
Temporal range: Triassic–Present
Tenthredo mesomela
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Arthropoda
မျိုးပေါင်း: Insecta
မျိုးစဉ်: Hymenoptera
မျိုးစဉ်သေး: Symphyta
Gerstäcker, 1867[၁]
မျိုးရင်းကြီးများ

ဆောဖလိုင်းပိုးကောင် (Sawfly) သည် ပုရွက်ဆိတ်ပျားနကျယ်ကောင်တို့နှင့်အတူ ‘ဟိုင်မင်နော့တာရာ’ မျိုးစဉ်ထဲတွင် ပါဝင်သည်။ ခူ ဘဝမှ တဆင့်ကြီးရသော အကောင်မျိုးဖြစ်သည်။ ပုရွက်ဆိတ်၊ ပျား၊ နကျယ်ကောင်တို့ကဲ့သို့ ခါးမသေးပေ။ ယင်း၌ အလင်းပေါက်သော အတောင်ပံ ၄ ခုရှိသည်။ အတောင်ပံများတွင် ထူးခြားသော အမှတ်အသားများမပါချေ။ ဥအုသောအင်္ဂါတွင် လွှသွားကဲ့သို့ထက်သော အစိတ်အပိုင်းများရှိသည်။ ထိုအစိတ်အပိုင်းဖြင့် သစ်ရွက်၊ ပင်စည်တို့တွင် ရှရာပေး၍ ဥများကိုထည့်ထားတတ်သည်။ ၎င်းပိုးကောင်များသည် သစ်ပင်၊ ချုံပင်တို့ကို အကြီးအကျယ်ဖျက်ဆီးတတ်သည်။ ယင်းတို့ကို အနောက်နိုင်ငံများတွင်တွေ့ရသည်။[၂]

ကိုးကား ပြင်ဆင်ရန်

  1. Gerstäcker, C.E.A. (1867). "Ueber die Gattung Oxybelus Latr. und die bei Berlin vorkommenden Arten derselben" (in de). Zeitschrift für die Gesammten Naturwissenschaften 30 (7): 1–144. 
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)