ဆဲလျူလို့ (Cellulose)သည် အပင်ဆဲများ၏ နံရံတွင်ပါရှိသော ဓာတ်ပစ္စည်းဖြစ်သည်။ ထိုပစ္စည်းသည် ကာဗိုဟိုက်ဒရိတ်ဖြစ်၍ ယင်း၌ ကာဗွန်၊ ဟိုက်ဒရိုဂျင်၊ အောက်ဆီဂျင်တို့ ပါဝင်သည်။ ဓာတုဗေဒ ဖော်မျူလာဖြင့် (C
6
H
10
O
5
)
n
ဟု ဖော်ပြသည်။ ဆဲလျူလို့သည် ကစီ၊ သကြားတို့နှင့် နီးစပ်၏။ အပင်အားလုံးတွင် ဆဲလျူလို့ ရာခိုင်နှုန်း ၃ဝ ကျော် ပါရှိသည်။ အပင်စိမ်းမှန်သမျှသည် ဆဲလျူလို့ကိုလုပ်ယူနိုင်၏။ အပင်သည် "ဖိုတို ဆင်သဆစ် (Photosynthesis)" နည်းဖြင့် သကြားကို လုပ်ယူပြီးလျှင် သကြားအချို့ အဝက်ကို ဆဲလျူလို့အဖြစ် ပြောင်းပစ်သည်။

ဆဲလျူးလို့စ်[၁]
Cellulose, a linear polymer of D-glucose units (two are shown) linked by β(1→4)-glycosidic bonds
ဆဲလျူလို့၏ တည်ဆောက်ပုံ သုံးဖက်မြင်
အမှတ်အသားများ-->

--> -->

-->

----- templatepar -----

-->

CAS Number
9004-34-6 YesY
ChEMBL ChEMBL2109009 N
ChemSpider None N
EC Number 232-674-9
PubChem 14055602
UNII SMD1X3XO9M YesY
ဂုဏ်သတ္တိများ
(C
6
H
10
O
5
)
n
Molar mass ၁၆၂.၁၄၀၆ g/mol per glucose unit
ရုပ်အဆင်း white powder
သိပ်သည်းမှု ၁.၅ ဂရမ်/စင်တီမီတာ
အရည်ပျော်မှတ် ၂၆၀–၂၇၀ ဒီဂရီ စင်တီဂရိတ်; ၅၀၀–၅၁၈ ဒီဂရီ ဖာရင်ဟိုက်; ၅၃၃–၅၄၃ ကယ်လ်ဗင် Decomposes[၂]
none
သာမိုဓာတုဗေဒ
−၉၆၃,၀၀၀ kJ/mol
Std enthalpy of
combustion (ΔcHo298)
−၂,၈၂၈,၀၀၀ kJ/mol
အန္တရာယ်
NFPA 704

0
0
0
 
US health exposure limits (NIOSH):
PEL (Permissible)
TWA 15 mg/m3 (total) TWA 5 mg/m3 (resp)[၂]
REL (Recommended)
TWA 10 mg/m3 (total) TWA 5 mg/m3 (resp)[၂]
IDLH (Immediate danger)
N.D.[၂]
ဆက်စပ် ဒြပ်ပေါင်းများ
ဆက်စပ် ဒြပ်ပေါင်းများ
Starch
Except where otherwise noted, data are given for materials in their standard state (at 25 °C [77 °F], 100 kPa).
N verify (what is YesYN ?)
Infobox references

ဆဲနံရံများ၌ရှိသော ဆဲလျူလို့သည်အပင်၏အမြစ်နှင့် ပင်စည်တို့ကို တောင့်တင်းခိုင်မာစေသည်။ ဆဲလျူလို့နှင့် ကစီသည် ဓာတ်သဘောအရ ဖွဲ့စည်းပုံချင်း ဆင်တူသည်။ သို့ရာတွင် ကစီသည် ဆဲလျူလို့ထက် ကြေလွယ်သည်။

သစ်သီးနှင့် ဟင်းသီးဟင်းရွက်တို့တွင် ဆဲလျူလို့ပါရှိသည်။ အစာချေရာ၌ ဆဲလျူလို့သည် များစွာ အရေးပါအရာရောက်သည်။ အစာ၌ ဆဲလျူလို့ များများပါလျှင် အစာ မြန်မြန်ကြေ၍ ဝမ်းမချုပ်နိုင်ပေ။

ဆဲလျူလို့သည် ရေစိုသောအခါ ပွထသည်။ ရေထဲတွင် မပျော်ဝင်နိုင်ပေ။ ပစ္စည်းအနည်းငယ်လောက်နှင့်သာ ဓာတ်ဖက် ခြင်းရှိ၍ ဓာတ်ခန်းများတွင် ဆဲလျူလို့ကို အရည်စစ်စက္ကူ လုပ်ရန် အသုံးပြုသည်။ စက္ကူ၌ ဆဲလျူလို့အပြည့်နီးပါးမျှ ပါရှိ၏။ သစ်သား၌လည်း ဆဲလျူလို့ အပြည်နီးပါး ပါရှိသည်။ ဝါဂွမ်းထဲက ဆဲလျူလို့ကို နိုက်ထရစ်အက်ဆစ်၊ ဆာလဖျူရစ် အက်ဆစ်တို့နှင့် ရောစပ်ယူလျှင် နိုက်ထရိုဆဲလျူလို့ခေါ်သော ပစ္စည်းကို ရရှိသည်။ ထိုပစ္စည်းဖြင့် ပေါက်ကွဲစေတတ်သော ခဲယမ်းမီးကျောက်များကို ပြုလုပ်ယူနိုင်သည်။ ဆဲလျူလို့၊ နိုက်ထရစ်အက်ဆစ်၊ ဆာလဖျူရစ်အက်ဆစ်တို့ကိုပင် အချိုး တစ်မျိုးဖြင့်ရောစပ်၍ အရောင်တင်ဆေး၊ ချိပ်ဆေး၊ ဆဲလျူ လွိုက် စသည်တို့ကို ဖော်စပ်ယူနိုင်သေးသည်။ ထိုဆဲလျူလို့ နိုက်ထရိတ်ကို ပိုင်ရော့ဆလင်ဟု ခေါ်သည်။[၃]

ကိုးကား ပြင်ဆင်ရန်

  1. "Crystal Structure and Hydrogen-Bonding System in Cellulose Iβ from Synchrotron X-ray and Neutron Fiber Diffraction" (2002). J. Am. Chem. Soc. 124 (31): 9074–9082. doi:10.1021/ja0257319. PMID 12149011. 
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ NIOSH Pocket Guide to Chemical Hazards #0110။ National Institute for Occupational Safety and Health (NIOSH)။
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)