ဆွေးနွေးချက်:ဖိုးမောင် လာပြီ

Latest comment: ပြီးခဲ့သည့် ၄ လ by Bhone.bm in topic copyright issue
ပြင်ဆင်ရန်

ကိုးကားစာအုပ်အရ ၁၉၈၆ ခုနှစ်မှာ စတင်ထုတ်ဝေတယ်ဆိုရင် မြန်မာနိုင်ငံရဲ့ မူပိုင်ခွင့်သတ်မှတ်ချက်တွေအရ ၂၀၃၆ ခုနှစ် (စတင်ဖြန့်ချိပြီး နှစ် ၅၀ အကြာ) ရောက်မှ မူပိုင်ခွင့် ကင်းလွတ်မှာပါ။ ဒါကြောင့် ကဗျာတစ်ပုဒ်လုံး ရေးတင်ထားတာထက် ကဗျာအကြောင်း ရှင်းလင်းချက်၊ ထင်ရှားမှု စတာတွေကို ဦးစားပေး ရေးသင့်ပါတယ်။ ကဗျာစာသားတွေဟာ လတ်တလော မူပိုင်ခွင့် ရှိနေဆဲ ဖြစ်တဲ့အတွက် ဝီကီပီးဒီးယားရဲ့ မူပိုင်ခွင့် သတ်မှတ်ချက်တွေနဲ့ ငြိစွန်းနေပါတယ်။ NinjaStrikers «» ၁၉:၄၀၊ ၁၅ ဩဂုတ် ၂၀၂၀ (UTC)အကြောင်းပြန်ရန်


အင်း, မင်းသုဝဏ်ဆောင်းပါးထဲမှာ ရေးထားတာက မောင်ခွေးဖို့ ကလေးကဗျာများစာအုပ်က ၁၉၄၀ မှာ စထွက်တာတဲ့၊ ကိုးကားထားတဲ့ စာအုပ်က ၁၉၈၆ ဆိုတော့ ဘယ်ဟာ အတည်ယူရမလဲ. အဆင်ပြေသလို လုပ်ပါ. ကိုးကားစာအုပ်ရဲ့ အမှာစာကို ဖဘဂရုမှ တင်ပြပါမယ်. ဘဝကလှပတယ်၊အချစ်ကစားမရတယ် (ဆွေးနွေး) ၀၂:၀၀၊ ၁၆ ဩဂုတ် ၂၀၂၀ (UTC)အကြောင်းပြန်ရန်
၁၉၄၀ ထွက်ဆိုရင်တော့ မူပိုင်ခွင့်လွတ်သွားပြီဗျ။ NinjaStrikers «» ၀၄:၅၂၊ ၁၆ ဩဂုတ် ၂၀၂၀ (UTC)အကြောင်းပြန်ရန်
အရင်က ပြောထားတာ လွဲသွားလို့ပါ။ တကယ်က အမည်ဖော်ပြထားတဲ့ စာပေလက်ရာရှင် ကွယ်လွန်ပြီးနောက် နှစ် ၅၀ အထိ မူပိုင်ခွင့် အကျုံးဝင်ပါတယ်။ မင်းသုဝဏ်က ၂၀၀၄ မှာကွယ်လွန်တာမို့ ၂၀၅၄ အထိ မူပိုင်ခွင့်သက်တမ်းရှိနေဦးမှာပါ။ NinjaStrikers «» ၀၈:၅၆၊ ၂၃ ဇန်နဝါရီ ၂၀၂၄ (UTC)အကြောင်းပြန်ရန်
အဲဒါဆို အဆင်ပြေအောင် နမူနာ တည်းဖြတ်ပြပါလား။ Bhone d(^o^)b¸¸♬·¯·♩¸¸♪·¯·♫¸BM «» ၁၄:၅၅၊ ၂၅ ဇန်နဝါရီ ၂၀၂၄ (UTC)အကြောင်းပြန်ရန်
စာမျက်နှာ "ဖိုးမောင် လာပြီ" သို့ ပြန်သွားရန်။