ဆင်ဖြူကျွန်း မြို့နယ်အဆင့် ပြင်ဆင်ရန်

ဆင်ဖြူကျွန်းက မြို့နယ်အဆင့်ဖြစ်သွားပြီလားဆိုတဲ့ ကိုးကားကို ကျွန်တော်တောက်လျှောက်လိုက်ရှာခဲ့တယ်ဗျ။၂၀၂၁ ဖေဖော်ဝါရီလကစလို့ ပြီးခဲ့တဲ့ ဩဂုတ်လ (၅)ရက်နေ့က နောက်ဆုံးထွက်ခဲ့တဲ့ ပြန်တမ်းအထိ ဆင်ဖြူကျွန်းကို မြို့နယ်အဆင့်တိုးတဲ့ အမိန့်စာကို ရှာလို့မတွေ့ခဲ့ပါဘူးဗျ။[၁] ပြီးတော့ မကွေးတိုင်းအစိုးရအဖွဲ့ရဲ့ facebook စာမျက်နှာမှာလည်း မင်းဘူးခရိုင် ဆို၊က၊ရေး၊တီး ပြိုင်ပွဲမှာ စလင်းမြို့နယ်ပဲပါတယ်ဗျ။ ပြီးတော့ ဒီနေ့ ဆင်ဖြူကျွန်း အထက(၁)မှာ သန့်ရှင်းရေးလုပ်တဲ့သတင်းကို တင်ထားတာ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့လို့ပဲ ဖော်ပြထားတယ်ဗျ။[၂] ဒါ့ကြောင့် ဆင်ဖြူကျွန်းက မြို့နယ်အဆင့်မဟုတ်သေးဘဲ စလင်းမြို့နယ်ထဲမှာပဲ ရှိပါသေးတယ်။●ကန္တပုံ● ၁၆:၀၀၊ ၁၃ ​ဩဂုတ် ၂၀၂၂ (UTC)

ဟုတ်တယ်ဗျ။ ခဏခဏ လာရေးနေတာတွေ့လို့ ကျနော်လဲ လိုက်ရှာကြည့်သေးတယ်။ မတွေ့တာနဲ့ ပြန် ပြန်ဖယ်နေတာ။ NinjaStrikers «» ၁၆:၂၁၊ ၁၃ ဩဂုတ် ၂၀၂၂ (UTC)အကြောင်းပြန်ရန်
စာမျက်နှာ "မကွေးတိုင်းဒေသကြီး" သို့ ပြန်သွားရန်။