ဇိုရိုရက်စထရာဘာသာ

ဇိုရိုရက်စတာတည်ထောင်သော ဘာသာတရား

ဇိုရိုရက်စထရာဘာသာ (Zoroastrianism) သို့ မာဇဒါဘာသာ (Mazdaism) ဆိုသည်မှာ တမန်တော် ဇိုရိုရက်စတာ၏ ဟောကြားမှုများ အပေါ်တွင် အခြေခံထားသည့် ဘာသာတရား ဖြစ်သည်။ ယခင်အခါက ကမ္ဘာပေါ်တွင် ကိုးကွယ်သူအများဆုံးသော ဘာသာတရားများတွင် တစ်ခု အပါအဝင် ဖြစ်ခဲ့ပြီး ပါရှားနိုင်ငံ (ယခု အီရန်နိုင်ငံ) တည်ရှိရာ နေရာတွင် ဘီစီ ၆ ရာစုခန့်က ပေါ်ထွန်းခဲ့သည်ဟု ယုံကြည်ယူဆရသည်။

ဇိုရိုရက်စထရာဘာသာတွင် ဖန်ဆင်းရှင် အာဟူရာ မာဇဒါသည် အကောင်းချည်းသာ လုပ်ပြီး အဆိုးမှန်သမျှ မလုပ်ပေ။ ထို့အတွက်ကြောင့် ဇိုရိုရက်စထရာ ဘာသာတွင် အကောင်းနှင့် အဆိုးတို့သည် သီးခြားကွဲပြားခြားနားစွာ ရှိသည်။ မိစ္ဆာ ဒရုဂျ် (druj) က မာဇဒါ၏ ဖန်ဆင်းမှုများကို ဖျက်ဆီးပစ်ရန် ကြိုးစားပြီး အကောင်းများက သူတို့ အနေအထားကို မပျက်စီးအောင် ပြန်လည် ထိန်းသိမ်းကြသည်။ ယခုခေတ်တွင် ဇိုရိုက်ရက်စထရာဘာသာသည် အားနည်းခဲ့ရပြီဖြစ်ပြီး မြန်မာတို့က ဖာရစီဘာသာအဖြစ်နှင့် လူသိများကြသည်။