တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်)

တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်‌တော်) (အင်္ဂလိပ်: Defence Services Museum) သည် နေပြည်တော် ပြည်ထောင်စုနယ်မြေဇေယျာသီရိမြို့နယ်ရှိ ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင် ၂၄၀ အနီး၌ တည်ရှိသည်။ ‌ဧရိယာအားဖြင့် ၆၀၃.၆၈ ဧက ကျယ်ဝန်းသည်။ ၂၀၁၂ ခုနှစ် မတ်လ ၁၈ ရက်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ဖွင့်လှစ်ခဲ့သည်။[၁] ရှေးခေတ်မြန်မာ့တပ်မတော်မှသည် ယနေ့မျက်မှောက်ခေတ်တပ်မတော်အထိ ခေတ်အဆက်ဆက်အသုံးပြုခဲ့သော စစ်ဝတ်တန်ဆာပလာ အသုံးအဆောင်ပစ္စည်းများကို ပြသထားသည်။ အင်္ဂါနေ့မှတနင်္ဂနွေနေ့အထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိဖွင့်သည်။ တပ်မတော်၏ သတင်းစာရှင်းလင်းပွဲများကိုလည်း ဤပြတိုက်၌ပြုလုပ်သည်။[၂] [၃]

ပြခန်းများ ပြင်ဆင်ရန်

ပင်မပြခန်းများအပြင် တပ်မတော် (ကြည်း၊ ရေ၊ လေ) ဧည့်ကြိုခန်းမဆောင် ၃ ဆောင်လည်းပါရှိသည်။[၁]

တပ်မတော် (ကြည်း) ပြခန်း ပြင်ဆင်ရန်

တပ်မတော် (ကြည်း) ပြခန်းတွင် အဆောင် ၆ ဆောင်ပါရှိသည်။

  • ရှေးမြန်မာမင်းများ အသုံးပြုသည့်ပစ္စည်းများ
  • ရှေးမြန်မာမင်းများ ထွက်တော်မူပုံပြသထားရှိမှုများ
  • မွန်သူရဲကောင်း သမိန်ဗရမ်းရုပ်တုနှင့် ကျန်စစ်သားမင်း၏ ရုပ်တု
  • ရှေးခေတ်မြန်မာ့တပ်မတော်သုံးပစ္စည်းများ
  • ဝက်ထီးကန်နှင် ပန်းဝါတိုက်ပွဲ သရုပ်ပြပန်းချီကားများ
  • ရဲဘော်သုံးကျိပ် သွေးသစ္စာရည်သောက်သုံးစဉ်က အသုံးပြုခဲ့သော စားပွဲနှင့်ကုလားထိုင်များ
  • ရွှေရတုတပ်မတော်နေ့ အထိမ်းအမှတ်စဉ့်အိုး
  • ပြည်ပမှပေးအပ်ခဲ့သော အမှတ်တရလက်ဆောင်ပစ္စည်းများ
  • တပ်မတော်၏နိုင်ငံတကာဆက်ဆံရေးပြကွက်များ
  • တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ၏ ဓာတ်ပုံများနှင့် မျက်နှာရုပ်တုများ

တပ်မတော် (ရေ) ပြခန်း ပြင်ဆင်ရန်

တပ်မတော် (ရေ) ပြခန်းတွင် အဆောင် ၃ ဆောင်ပါရှိသည်။

  • ရှေးခေတ်မြန်မာ့ရေတပ်၊ ဂျပန်ခေတ်မြန်မာ့ရေတပ်မတော်နှင့် ဒုတိယကမ္ဘာစစ်အတွင်း မြန်မာ့ရေတပ်မှတ်တမ်းဓာတ်ပုံများ
  • စစ်ရေယာဉ် မေယု လွှဲပြောင်းလက်ခံစဉ် မှတ်တမ်းဓာတ်ပုံများ
  • ဖရီးဂိတ် စစ်ရေယာဉ် အောင်ဇေယျ
  • ခေတ်အဆက်ဆက် တပ်မတော် (ရေ) အလံများ
  • ဝက်ကော်တိုက်ပွဲ သမိုင်းမှတ်တမ်းဓာတ်ပုံများ
  • စစ်ရေယာဉ်များနိုင်ငံခြားမှ လွှဲပြောင်းလက်ခံယူ‌ဆောင်စဉ် မှတ်တမ်းဓာတ်ပုံများ
  • တပ်မတော် (ရေ)၏ စစ်ရေယာဉ်များ

တပ်မတော် (လေ) ပြခန်း ပြင်ဆင်ရန်

တပ်မတော် (လေ) ပြခန်းတွင် အဆောင် ၃ ဆောင်ပါရှိသည်။

  • ကာကွယ်ရေးဦးစီးချုပ်(လေ) များ၏ ဓာတ်ပုံများ
  • တပ်မတော် (လေ) ၏ လှုပ်ရှားမှုဓာတ်ပုံများ
  • တပ်မတော် (လေ) ၏ မူးယစ်ဆေးဝါးနှိမ်နင်းရေးတွင် ပါဝင်ဆောင်ရွက်မှု ဓာတ်ပုံများ
  • လေသူရဲကောင်းမွေးထုတ်ပုံအဆင့်ဆင့် ဓာတ်ပုံမှတ်တမ်းများ
  • မာနယ်ပလောတိုက်ပွဲ မှတ်တမ်းပန်းချီကား
  • ဝမ်ပန်းဆန်းလေကြောင်းတိုက်ပွဲ မှတ်တမ်းပန်းချီကား
  • လေသူရဲအသုံးဆောင်ပစ္စည်းများ
  • မြန်မာနိုင်ငံ၏ပထမဆုံး စူပါဆွန်းနစ် (Supersonic) တိုက်လေသူရဲများ၏ မှတ်တမ်းဓာတ်ပုံများ
  • စီစီဝမ်-တာပန်တိုက်ပွဲ မှတ်တမ်းပန်းချီကား

ပြင်ပပြကွက်များ ပြင်ဆင်ရန်

  • ရှေးခေတ်ကြေးသွန်း အမြောက်မြား
  • ဒုတိယကမ္ဘာစစ်နှင့် စစ်ပြီးကာလတို့တွင် အသုံးပြုခဲ့သော အမြောက်နှင့်သံချပ်ကာများ
  • ရှေးခေတ်မြန်မာ့တပ်မတော်၏ ရိုးရာလှေကြီးများ
  • စစ်ရေယာဉ်များဖြစ်သည့် ရန်မျိုးအောင်၊ အနော်ရထာနှင့် အောင်ဇေယျပုံစံငယ်များ
  • ခေတ်အဆက်ဆက်အသုံးပြုခဲ့သော တပ်မတော်လေယာဉ်များနှင့် အသုံးပြုဆဲလေယာဉ်များ

ဓာတ်ပုံများ ပြင်ဆင်ရန်

ဆက်စပ်ဖတ်ရှုရန် ပြင်ဆင်ရန်

ကျမ်းကိုးစာရင်း ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ကျော်ဇော၊ မောင် (ဇန်နဝါရီ ၂၀၂၂)။ အထွေထွေဗဟုသုတ (၂၀၂၂–၂၀၂၃)။ ရန်ကုန်: ကြယ်စင်စာပေ။ p. ၁၆၆၊ ၁၆၇။
  2. "တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းစာရှင်းလင်းပွဲကျင်းပ"၊ Myanmar Digital News၊ ၄ စက်တင်ဘာ ၂၀၂၀။ 
  3. ""ရွေးကောက်ပွဲလုံခြုံရေးကူညီဆောင်ရွက်ပေးနေ" – တပ်မတော်သတင်းစာရှင်းလင်းပွဲ"၊ ဗွီအိုအေ မြန်မာ၊ ၂၄ အောက်တိုဘာ ၂၀၂၀။ 

ပြင်ပလင့်ခ်များ ပြင်ဆင်ရန်