တူဆိုသည်မှာ လူတို့တီထွင်ထားသော အကူကိရိယာ တစ်မျိုးဖြစ်သည်။ ယေဘူယျအားဖြင့် ၎င်းကို အမာထည်ပစ္စည်းများအား ရိုက်နှက်ရာတွင် အသုံးပြုသည်။ တွေ့မြင်နိုင်သော နေ့စဉ်မြင်ကွင်းများတွင် တူအား သံရိုက်ရာတွင် အသုံးပြုကြသည်။ တူတွင် အသေးအကြီး၊ အလေးချိန်ပေါ်လိုက်၍ ကွဲပြားကြသေးသည်။ တစ်ပေါင်တူ၊ နှစ်ပေါင်တူ၊ ဆယ်ပေါင်တူ စသည်ဖြင့် ကွဲပြားသည်။ တူအား အင်္ဂလိပ်ဘာသာဖြင့် Hammer ဟု ခေါ်ဆိုသည်။