တောင်ဇလပ်
en:Rhododendron ferrugineum
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Asterids
မျိုးစဉ်: Ericales
မျိုးရင်း: Ericaceae
မျိုးရင်းသေး: Ericoideae
မျိုးဇာတ်: Rhodoreae
မျိုးစု: Rhododendron
L.[၁]
အမျိုးအစား မျိုးစိတ်
en:Rhododendron ferrugineum
Subgenera[၂]

Former subgenera:

Synonyms[၃]

တောင်ဇလပ်ကို လက်ထုတ်သိမ်ဟုလည်း ‌ခေါ်သည်။ ရုက္ခဗေဒအလိုအားဖြင့် ‘ရိုက်ရှား တိုမင်တို စား’ဟု‌ခေါ်၍၊ ‘အဲ‌ပေါ့ ဆီ‌နေဆီအီး’ မျိုးရင်းတွင်ပါဝင်သည်။ ‌တောင်ဇလပ်ပင်သည် အမြင့်‌ပေ ၄၀ ထိ ကြီးထွားနိုင်၍ လုံးပတ် ၃-၄ ‌ပေ ရှိနိုင် သည်။ အထက်နှင့် ‌အောက်မြန်မာနိုင်ငံရှိ လယ်ကွင်းများ၊ ‌တောင်နိမ့် သစ်‌တောများတွင် ‌ပေါက်‌ရောက်ကြသည်။ အသားမှာဖြူ၍ အ‌တော်အတန် မာ‌ကျောသည်။ အသားကုဗ‌ပေ တစ်ပေလျှင် အ‌လေးချိန်‌ပေါင် ၄၀ မျှရှိ သည်။ ထိုအသားကို အိမ်‌ထောင်ပရိ‌ဘောဂပစ္စည်းများ၊ ‌သေတ္တာနှင့် ဘီးများပြုလုပ်ရာတွင် အသုံးပြုကြသည်။

ပန်းပုနှင့် ပန်းပွတ်လုပ်ငန်းများအတွက်သုံးရန်လည်း အ‌ကောင်းဆုံးဖြစ်သည်။ အရွက်များမှ မဲနယ်ရောင် ဆိုး‌ဆေးတစ်မျိုးထွက်၍ အ‌စေ့များကို စားနိုင်သည်။ အ‌ခေါက်နှင့် အမြစ်များကို ‌မြွေ၊ ကင်းမြီး‌ကောက်ကဲ့ သို့‌သော အဆိပ်ရှိသတ္တဝါများကိုက်လျှင် အဆိပ်‌ဖြေ‌ဆေးအဖြစ် သုံးကြသည်။ မြန်မာနိုင်ငံချင်းပြည်နယ်တွင်မူ တောင်ဇလပ်ပန်းကို အမျိုးသားပန်းအဖြစ် အမြတ်တနိုး တန်ဘိုးထားကြသည်။ မြန်မာနိုင်ငံ၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနသစ်တောဦးစီးဌာနမှ တောင်ဇလပ်ဖြူတောင်ဇလပ်နီတောင်ဇလပ်ဝါ အပင်မျိုးစိတ်များကို မျိုးတုန်းမည့်အန္တရာယ်ရှိသဖြင့် ကာကွယ်ရမည့် သဘာဝအပင်စာရင်းတွင် သတ်မှတ်ပြဋ္ဌာန်းထားသည်။[၄][၅]

ကိုးကား ပြင်ဆင်ရန်

  1. Linnaeus၊ C. (1753)။ "Rhododendron"Species Plantarum။ Tomus I။ Stockholm: Laurentii Salvii။ p. 39215 June 2014 တွင် ပြန်စစ်ပြီး
  2. Goetsch, Eckert & Hall (2005).
  3. Rhododendron L.။ Board of Trustees of the Royal Botanic Gardens, Kew (2017)။ 16 September 2020 တွင် ပြန်စစ်ပြီး။
  4. တောင်ဇလပ်ပန်းနှင့် ချင်းသစ်ခွတို့အား ခူးယူဖျက်ဆီးပါက အရေးယူတော့မည်The Irrawaddy။ ၂၀၂၁-၁၀-၂၅ တွင် ပြန်စစ်ပြီး။
  5. တောင်ဇလပ်ပင်နှင့်သစ်ခွမျိုးစိတ်များ မျိုးသုဉ်းမည့်အန္တရာယ်ကြုံတွေ့နေ၍ ကာကွယ်သည့်အပင်စာရင်း၌ထည့်သွင်းThe Myanmar Times။ 26 October 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀၂၁-၁၀-၂၆ တွင် ပြန်စစ်ပြီး။