တောင်ရိုးလူမျိုး

(တောင်ရိုး မှ ပြန်ညွှန်းထားသည်)

တောင်ရိုး
တောင်ရိုး

တောင်ရိုး (ခေါ် )တိုရု ပြင်ဆင်ရန်

  • (ရှမ်းပြည်နယ် တောင်ပိုင်းအနောက်ဘက်-မြေလတ်)
  • ခေတ်ဟောင်းမြန်မာရာဇဝင် (ဒေါက်တာသန်းထွန်း) စာမျက်နှာ ၂၈ လူမျိုး နွယ်စု ဆင်းသက်ပုံ အရ တိဗက် မြန်မာ ( အာသံမြန်မာ ) မျိုးနွယ်စု ဖြစ်သည်။

တောင်ရိုးလူမျိုးတို့သည် တိဗက်မြန်မာအစုဝင် မြန်မာအစုခွဲတွင် အပါအဝင်ဖြစ်၏။ ရှမ်းပြည်နယ် ‌မြေလတ်ပိုင်း‌ဒေသ ‌ပွေးလှနှင့် ပင်းတယနယ်တစ်ဝိုက်၌ အများဆုံး ‌နေထိုင်ကြ သည်။ လူဦး‌ရေ ၂၂,၀၀၀ ‌ကျော်ရှိသည်။ ‌တောင်ရိုးလူမျိုးတို့၏ အဝတ်အစားမှာ ရှမ်းလူမျိုးတို့၏ အဝတ်အစားနှင့်တူသည်။ ‌ယောက်ျားများသည် ‌ခေါင်းပေါင်းနှင့် ‌ဘောင်းဘီပွကြီးများကို ဝတ်ဆင်၍၊ မိန်းမများကမူ အညို‌ရောင် သင် တိုင်းပွပွကို ဒူးဆစ်ဖုံးရုံမျှ ဝတ်ဆင်ကြသည်။ ဦး‌ခေါင်း၌ တဘက်အနက်ကို အထပ်ထပ်ရစ်ပတ်၍ ‌ပေါင်းကြသည်။ ‌တောင်ရိုးလူမျိုးများတွင် အပျိုဆိုလျှင် ‌ငွေလက်‌ကောက်၊ ‌ငွေနားသန်သီး၊ ‌ငွေပုတီးနှင့် ‌ငွေ‌ခြေချင်းများကို ဝတ်ဆင်၍ အအိုဆိုပါက ‌ကြေး‌ခွေများကို ‌ခြေသလုံးတွင် ရစ်ပတ်ဆင်ယင်‌လေ့ရှိသည်။

‌တောင်ရိုးလူမျိုးတို့သည် ‌တောင်ယာလုပ်ငန်းကို လုပ်ကိုင်ကြသည်။ ကျွဲနွား၊ စီးမြင်းနှင့် ကြက်စသည်တို့ကိုလည်း ‌မွေးမြူကြသည်။ ပင်းတယနှင့် ‌ပွေးလှ‌ဈေး‌နေ့များ၌ ယာထွက်ခြံထွက် ပစ္စည်းများကိုသွား‌ရောက် ‌ရောင်းချ‌လေ့ရှိ၏။ ‌တောင်ရိုးလူမျိုးတို့သည် ‌တောင်သူလူမျိုးတို့နှင့် အ‌နေအထိုင် နီးစပ်မှုရှိ‌သော်လည်း မျိုးနွယ်ချင်း မတူ‌ချေ။ ‌တောင်ရိုးလူမျိုးတို့၏ စကားမှာ မြန်မာ‌ပေါရာဏများနှင့် တူ‌ပေသည်။ ပုဂံ‌ခေတ်က မြန်မာစကား အသုံးအနှုန်းမျိုးကို ‌ပြောဆိုကြခြင်း‌ကြောင့် ယင်းတို့အား ပုဂံအနွယ် မြန်မာလူမျိုးများပင်ဖြစ်သည်ဟု ယူဆရ၏။ အချို့ကမူ ‌တောင်ရိုးလူမျိုးတို့သည် ထားဝယ်ဘက်မှ ထွက်‌ပြေးလာ‌သော မြန်မာအချို့မှ ‌ပေါက်ဖွားလာကြသူများဟု ယူဆကြ‌လေသည်။

‌တောင်ရိုးလူမျိုးတို့တွင် နတ်ကိုးကွယ်သူနှင့် ဗုဒ္ဓအယူဝါဒီ များဟူ၍ ရှိသည်။ အိမ်တိုင်းတွင် ဘုရားစင်ကို ထားရှိသည့် အပြင် မိရိုးဖလာနတ်စင်တစ်ခုလည်းရှိ၍၊ နှစ်စဉ် ဝါ‌ခေါင်လနှင့် တပို့တွဲလတို့၌ နတ်ပွဲပသကြ၏။ ‌တော်သလင်းလတွင် လူမျိုးစုအလိုက် ပသ‌သောနတ်ပွဲရှိ၏။ ‌တောင်ရိုးလူမျိုးတို့သည် အလှူပွဲ ဘုရားပွဲတို့၌ စာ‌ဟောဆရာများက ကွက်စိတ်ဆန်ဆန် ရွတ်ပြသီဆိုခြင်းကို စိတ်ပါစွာ နား‌ထောင်‌လေ့ရှိသည်။ အိုးစည်၊ ‌မောင်း၊ လင်းကွင်း၊ ဝါးလက်ခုပ်နှင့် ခင်‌ပြွေတို့ပါဝင်သည့် တူရိယာတီးဝိုင်းများလည်းရှိသည်။ ထိုတီးဝိုင်းများ‌ရှေ့တွင်‌ယောက်ျား မိန်းမ‌ပေါင်းစုံ စု‌ဝေးကခုန်‌လေ့ရှိ၏။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း အတွဲ ၅