ဒလမြို့နယ်

ရန်ကုန်တိုင်းဒေသကြီး၊‌တောင်ပိုင်းခရိုင်

ဒလမြို့နယ်သည် ရန်ကုန်မြို့နှင့် မြစ်တစ်စင်းသာခြားပြီး သင်္ဘောနှင့် သွားပါက ဆယ်မိနစ်အတွင်း ရောက်ရှိနိုင်သည်။ ရှေးမြန်မာမင်းလက်ထက်က မြန်မာနိုင်ငံ၏ တောင်ဘက်စွန်း ခံတပ်မြို့ ဖြစ်သည်။ ယခင်က ကျေးရွာအုပ်စု ဖြစ်ခဲ့ပြီးနောက် မြို့နယ်တစ်ခုအဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ ၁၉၇၄-ခုနှစ်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ်အတွင်း ထည့်သွင်းခဲ့သည်။ ဒလမြို့ အနောက်ဘက်တွင် တွံတေးတူးမြောင်းနှင့် မြောက်ဘက်တွင် ရန်ကုန်မြစ်တို့ ဆက်သွယ်စီးဆင်းနေသည်။

ဒလမြို့နယ်
ဒလမြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဒလမြို့နယ်
ဒလမြို့နယ်
ဒလမြို့နယ် တည်နေရာ၊ မြန်မာ။
ကိုဩဒိနိတ်: 16°45′30″N 96°9′30″E / 16.75833°N 96.15833°E / 16.75833; 96.15833ကိုဩဒိနိတ်: 16°45′30″N 96°9′30″E / 16.75833°N 96.15833°E / 16.75833; 96.15833
နိုင်ငံ မြန်မာ
တိုင်း​ဒေသကြီး ရန်ကုန်
ခရိုင်တွံတေး
စာပို့သင်္ကေတ၁၁၂၆၁
ဒလမြို့နယ်

ဒလမြို့သည် ၁၀.၉၃ စတုရန်းမိုင် ကျယ်ဝန်းပြီး ရပ်ကွက်ပေါင်း (၂၃)ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း (၂၃)အုပ်စု၊ ရွာပေါင်း (၄၅)ရွာဖြင့် ဖွဲ့စည်းထားသည်။ ဒလမြို့မှတဆင့် တွံတေးကော့မှူးကွမ်းခြံကုန်းဒေးဒရဲဖျာပုံကျိုက်လတ်မြို့များသို့ပါ ဆက်သွယ်သွားလာနိုင်သည့် အဓိက မြို့နယ်တစ်နယ် ဖြစ်သည်။

[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၂၇.၁.၂၀၁၁ ထုတ် ကြေးမုံသတင်းစာ