ဒိုင်ကို ဆိုသည်မှာ ဂျပန်ဘာသာဖြင့် ဒရမ်ကို ခေါ်ဆိုခြင်း ဖြစ်သည်။ ဂျပန်နိုင်ငံ ပြင်ပတွင်မူ အမျိုးမျိုးသော ဂျပန် ဒရမ်များကို ဒိုင်ကို ဟုခေါ်လေ့ ရှိကြပြီး ခေတ်သစ်အနုပညာ တစ်မျိုး ဖြစ်သော ဒိုင်ကိုဒရမ်အဖွဲ့ကိုလည်း ရည်ညွှန်းလေ့ ရှိသည်။ ဒိုင်ကိုဒရမ် ဖျော်ဖြေမှုမှာ ၅ မိနစ်မှ ၂၅ မိနစ် အထိ ကြာမြင့်တတ်ပြီး အစ၊ အလယ်၊ အဆုံး/အမြန်၊ ရုတ်တရက်၊ အလောတကြီး၊ အရေးပေါ် စသည့် ပုံသဏ္ဌန် အတိုင်း တီးခတ်လေ့ ရှိသည်။ ဆိုလိုရင်းမှာ ဖျော်ဖြေမှုသည် အဆုံးသတ်တိုင်အောင် တဖြည်းဖြည်းချင်း အရှိန်မြှင့်တင်သွားလေ့ ရှိသည်။

ဂျပန်နိုင်ငံ အားအိချိ မှဒိုင်ကိုဒရမ်သမားများ