[၁] ရတနာမြတ်သုံးပါးတို့၏ ဂုဏ်တော်များ၌ မတုန်မလှုပ် သက်ဝင်ကြည်ညိုခြင်း, အရိယကန္တသီလနှင့် ပြည့်စုံခြင်းဟူသော (အရည်အချင်း) ဓမ္မလေးပါးနှင့် ပြည့်စုံသော အရိယသာဝကသည် အလုံးစုံသော ဒုဂ္ဂတိဝိနိပါတဘေးကို ကောင်းစွာ လွန်မြောက်ပြီးသူဖြစ်၏ဟု ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ၌ အလုံးစုံသော ဒုဂ္ဂတိဝိနိပါတဘေးဟူသော စကားရပ်ဖြင့် လူတို့တွင် အမျိုးယုတ်ညံ့ ဘုန်းကံနည်းပါး လူစဉ်မမီသောလူတို့နှင့်တကွ အပါယ် လေးပါးကို တားမြစ်ကြောင်း ဖွင့်ပြထားပါသည်။ [၂]

ကိုးကား ပြင်ဆင်ရန်

  1. -သံ၊၃၊၃၁၇။ သံ၊မြန်၊၃၊၃၁၈-၉။ သံ၊ဋ္ဌ၊၃၊၃၁၆။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၁၁-သောတာပတ္တိသံယုတ္တ၊ ၂-ရာဇကာရာမဝဂ္ဂ၊ ပဉ္စမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ