၁၉၅၇ တွင် မွေးဖွားခဲ့သူ တတိယမြောက် သွန်မ်ဆင်စီးပွားရေးမျိုးရိုးကိုဆက်ခံသူ ဒေးဗစ် ကန်း(န)နတ် ရိုင်း သွန်မ်ဆင်သည် ကနေဒီယန်လူမျိုး စီးပွားရေးသမား တယောက် ဖြစ်သည်။ သူသည် ဒုတိယမြောက် သွန်မ်ဆင်စီးပွားရေးမျိုးဆက်ကို ဆက်ခံသူ ကီနက် သွန်မ်ဆင် ၏ သား ဖြစ်ပြီး မင်းသမီးတေလာ သွန်မ်ဆင် နှင့် ပီတာ သွန်မ်ဆင် တို့သည် ဒေးဗစ်နှင့် တအူထုံဆင်း မောင်နှမများဖြစ်ကြသည်။

ဒေးဗစ် သွန်မ်ဆင်
မွေးသက္ကရာဇ် (1957-06-12) ဇွန် ၁၂၊ ၁၉၅၇ (အသက် ၆၆)
တော်ရွန်တို၊ ကနေဒါ
ကွယ်လွန် Thomson Reuters ၏ ဥက္ကဋ္ဌ
လူမျိုး ကနေဒါ
ကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၁၉.၀ ဘီလျံ
ဝက်ဘ်ဆိုက် David Thomson

ဒေဗစ်သွန်မ်ဆင် သည် ၂၀၀၂ ကတည်းက သွန်မ်ဆင်ကော်ပိုရေးရှင်း၏ ဥက္ကဋ္ဌဖြစ်ပြီး ရိုက်တာကိုပိုင်ဆိုင်ပြီးနောက် သူသည် သွန်မ်ဆင်ရိုက်တာဟုခေါ်သောခွဲထွက်အဖွဲ့၏ ဥက္ကဋ္ဌဖြစ်လာသည်။ လက်ရှိ ကနေဒါနိုင်ငံ၊ အွန်တရီရို ပြည်နယ်ရှိ တိုရွန်တိုမြို့တွင်နေထိုင်သည်။ သွန်မဆင်သည် ကနေဒါရှိ Upper Canada College တွင် တက်ရောက်ခဲ့ပြီး ကန်းဗရစ်ချ် တက္ကသိုလ် ရှိ Selwyn ကောလိပ်မှ သမိုင်းဘာသာရပ်ဖြင့် BA ဘွဲ့(နောက်ပိုင်းတွင် MA ဘွဲ့အထိ တိုးမြှင့်ပေးခဲ့) ရရှိ ခဲ့သည်။

ခန့်မှန်း အသားတင် ၁၉ ဘီလီယံ ပိုင်ဆိုင်ပြီး Forbes Magazine ၏ ၂၀၁ဝ စာရင်းအရ သွန်မ်ဆင်နှင့် သူ့မိသားစုသည် ကနေဒါနိုင်ငံတွင် အချမ်းသာဆုံး နှင့် ကမ္ဘာ့အဆင့် ၂ဝ ရှိ အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်သည်။

အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပြင်ဆင်ရန်

သွန်မ်ဆင်က သူမိသားစုပိုင် ကုမ္ပဏီတွင် ရာထူး အဆင့်ဆင့် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ သူသည် Zellers ကုမ္ပဏီ ၏ ဥက္ကဋ္ဌ နှင့် Etobicoke ရှိ Cloverdale Mall တွင် ဖွင့်လှစ်ထားသော The Bay Store တွင် မန်နေဂျာ အဖြစ်လုပ်ကိုင်ခဲ့သည်။ အိမ်ရာမြေအကျိုးဆောင် လုပ်ငန်း Osmington Incorporated ကိုကိုယ်ပိုင် တည်ထောင်ခဲ့ပြီး မိသားစု စီးပွားရေးလုပ်ငန်း များနှင့်ပက်သက်မှု မရှိပဲ လုပ်ကိုင်ခဲ့သည်။ သွန်မ်ဆင် ကော်ပိုရေးရှင်းကို တည်ထောင်သူ ရွိုင်း သွန်မ်ဆင် ၏ လွန်ခဲ့သော ၁ဝစုနှစ်ခန့် က စီစဉ်ထား ခဲ့သည့် အတိုင်း ၂၀၀၆ ခုနှစ်တွင် ကင်းနက် သွန်မ်ဆင် သေဆုံးသောအခါ မိသားစု စီးပွားရေးလုပ်ငန်း များသည် ဒေးဗစ်သွန်မ်ဆင် ထံသို့ရောက်ရှိခဲ့သည်။

“ငါ့မြေး ဒေးဗစ်က ဒီအဖွဲ့အစည်းမှာ သူ့တာဝန်ကိုသူလုပ်ဆောင်လိမ့်မယ်။ ဒေးဗစ်ရဲ့ သားကလဲ ဒီလိုပဲ ဆက်လက်လုပ်ဆောင်လိမ့်မယ်။ ငါတို့က သူ့တို့အတွက် တာဝန် ဝတ္တရားတွေ နှင့်အတူ ငွေကြေး စည်းစိမ် ဥစ္စာတွေပါ ထားခဲ့ရမယ်။ အဲဒါမှ နောက်မွေးလာမယ့် သွန်မ်ဆင်မျိုးဆက်တွေက ဒီတာဝန်တွေကို မလုပ် ချင်ဘူးဆိုတာမရှိစေရဘူး” ဟု ရွိုင်း သွန်မ်ဆင် က ၁၉၇၅ ခုနှစ်က သူရဲ့ အတ္ထုပ္ပတ္တိတွင် ရေးသားခဲ့သည်။

သူသည် မနီတိုဘာ ပြည်နယ်ရှိ၊ ဝီနီပက်ဂ် မြို့တွင် National Hockey League ကို ပြန်လည်ကျင်းပနိုင်ရန် ကြိုးပမ်းနိုင်ခဲ့သဖြင့် တရားဝင် ချီးကျူးဂုဏ်ပြုခြင်း ခံခဲ့ရသည်။

ကိုယ်ရေးကိုယ်တာဘဝ ပြင်ဆင်ရန်

သွန်မ်ဆင် ၏ အကြောင်းကို “ဒုတိယဇနီးကို ခါးခါးသီးသီး မုန်းတီးကွာရှင်းခဲ့ကြောင်း” Maclean’s news Magazine မှ ချဲ့ကားရေးသားခဲ့ သော်လည်း အခြား မီဒီယာများမှ အထူးတလည်ရေးသားခြင်းမျိုး မရှိခဲ့ပေ။ သွန်မ်ဆင်တွင် ပထမအိမ်ထောင်မှ ရသော သမီးနှစ်ယောက်နှင့် ဒုတိယအိမ်ထောင်မှ ရရှိသော သားတစ် ယောက် အားလုံးပေါင်း သားသမီး ၃ ယောက်ရရှိသည်။ သွန်မ်ဆင် ၏ သားမှာ လင်မယားကွာရှင်းပြီးမှ မွေးဖွားခဲ့ခြင်း ဖြစ်သော်လည်း ကုမ္ပဏီ အမွေ ဆက်ခံခွင့်ရှိသည် ဟုသတ်မှတ်ခဲ့သည်။

ဒေးဗစ် သွန်မ်ဆင်သည် သူ့အမေကဲ့သို့ပင် Ontario ရှိ ပန်းချီပြခန်း ကိုထောက်ပံ့ ကူညီခဲ့သည်။ သူအဖေ သေဆုံးပြီးနောက် သူ ၏ ၄၉ နှစ်မြောက် မွေးနေ့ ဖြစ်သော ၂၀၀၆ ဇွန် ၁၂ နေ့ တွင် တတိယမြောက် သွန်မ်ဆင် စီးပွားရေး မျိုးရိုးကို ဆက်ခံခဲ့သည်။

သူသည် အနုပညာနှင့် ပက်သက်သော ပစ္စည်းများ စုဆောင်းခြင်းကို စိတ်အားထက် သန်သူ ဖြစ်ပြီး John Constable အမည်ရှိ ကမ္ဘာ့ ထိပ်တန်းအနုပညာပြခန်းကို ပိုင်ဆိုင်သည်။ သွန်မ်ဆင် သည် အင်တာဗျူးလုပ်လေ့လုပ်ထမရှိပဲ သိုသိုသိပ်သိပ်နေထိုင်လေ့ရှိသည်။

၂၀၀၆ ခုနှစ်၊ ဇူလိုင်လ ၃ရက်နေ့ နယူးယောက် တိုင်းမ် မဂ္ဂဇင်း မှဖော်ပြချက်အရ သွန်မ်ဆင်၏ တစ်ခုတည်းသော သိသာမြင်သာသော အင်တာဗျူး မှာ ၎င်းနှင့် တော်ရွန်တို မှာ ကျောင်းအတူတက်ခဲ့ကြသည့် ကျောင်းနေဖက်သူငယ်ချင်း ဂျိမ်းစ် ဖစ်ဇ်ဂျရယ်လ် နှင့် ပြောထားသော အင်တာဗျူး ဖြစ်သည်။ ဂျိမ်းစ် ဖစ်ဂျရယ်လ် သည် အထက်တန်းလွှာ ပုဂ္ဂလိက ကျောင်းတစ်ကျောင်းဖြစ်သည့် Upper Canada College အကြောင်း ရေးသား စာအုပ်ထုတ်ဖူးသည်။ လွန်ခဲ့သော ၁၂ နှစ်က ဂျိမ်းစ် ဖစ်ဂျရယ်လ် သို့ပေးသော သူ၏ မှတ်ချက်များအရ ဒေးဗစ်သည် စီးပွားရေးလောက အတွင်းရှိ လူတော်တော်များများ အပေါ်၌ အနည်းငယ် အကောင်းမြင်သည်ဟု လည်း မဂ္ဂဇင်းတွင် ပါရှိသည်။


ထိုအင်တာဗျူးတွင် သွန်မ်ဆင်က “ မင်းဘဝကို ဟန်ချက်ညီညီနေနိုင်ဖို့ ကြိုးစားတဲ့အခါ ပုံမှန်စီးပွားရေးသ မားတွေကတော့ မင်းက တကယ့်လူ မဟုတ်သေးဘူးလို့ ထင်ကြမှာပဲ။ ဒါဆိုရင် ဘယ်သူက တကယ့်လူလဲ။ ငါ့ကို တကယ့်လူ မဟုတ်ဘူးလို့ ပြောနေတာလား။ စနေ၊ တနင်္ဂနွေလို နေ့ မျိုးတွေမှာတောင် မင်းဇနီး နဲ့ အတူမရှိဘူး။ အပြုသဘောဆန်တဲ့ လုပ်ငန်းတွေ လုပ်ဖို့ မင်းမှာ အချိန်ပို မရှိဘူး။ ဘာကိုမှလဲ ဝါသနာမပါဘူး။ မိုးဇက် ကိုဘယ်လို စာလုံး ပေါင်းလဲဆို တာတောင် မင်းမသိဘူး။ ပြီးတော့ အခုဒီမှာ မင်းကငါ့ကို ပျော့ညံ့ တယ်လို့ ပြောနေတာလား” ဟု ပြောခဲ့သည်။

၂၀၀၇ ခုနှစ် ဇွန်လကုန်တွင် မင်းသမီး ကဲလီ ရိုဝန် နှင့် စေ့စပ်ခဲ့သည်။ သူနှင့် ကဲလီ ရိုဝန် တို့၏ သမီးကိုမွေးဖွားခဲ့ပြီး ၂၀၀၈ ဧပြီ ၂၈ နေ့တွင် စေ့စပ်ထားခြင်းကို ဖျက်သိမ်းခဲ့သည်။ ၂၀၀၈ ခုနှစ် အစောပိုင်းတွင် ရိုဝန် နှင့် သွန်မ်ဆင်တို့ လူသိရှင်ကြား တရားဝင်ခွာပြဲ ခဲ့ပြီးနောက် ၂၀၀၉ စက်တင်ဘာတွင် ပြုလုပ်ခဲ့သော တိုရွန်တို နိုင်ငံတကာ ရုပ်ရှင်ပြပွဲတွင် အများပြည်သူရှေ့ ပထမဆုံး ပြန်လည်ထွက်ပေါ်လာခဲ့ကြသည်။