နော်ဇယ်

အရည်များ စီးဆင်းမှုကို ထိန်းချုပ်သော ကရိယာ

နော်ဇယ် ဆိုသည်မှာ အလုံပိတ်ထားသော ချိန်ဘာခန်း အတွင်း သို့ ပိုက်အတွင်းသို့ အရည်တို့ စီးဆင်းဝင်ရောက်လာသည့် အချိန်တွင် စီးဆင်းမှု လမ်းကြောင်းနှင့် စီးဆင်းသည့် ပုံသဏ္ဍန်ကို ထိန်းချုပ်ပေးနိုင်ရန် အတွက် ဒီဇိုင်းပြုလုပ်ထားသော ပစ္စည်းတစ်ခု ဖြစ်သည်။

ရော့ကက်၏ နော်ဇယ်ခေါင်း
ရေပိုက် နော်ဇယ်ခေါင်း

များသောအားဖြင့် နော်ဇယ်သယ် ပိုက်လုံး သို့မဟုတ် ပိုက်ခေါင်းတစ်ခုဖြစ်ပြီး လုံးပတ်မှာ တသမတ်တည်း မရှိဘဲ ကွဲပြားခြားနားနေလေ့ ရှိသည်။ ၎င်းကို သို့ ဓာတ်ငွေ့များ စီးဆင်းမှုကို လမ်းကြောင်းပေးရန် သို့မဟုတ် ပြောင်းလဲပေးရန် အတွက် အသုံးပြုနိုင်သည်။ နော်ဇယ်များကို စီးဆင်းမှု အရှိန်အဟုန်၊ စီးဆင်းမှု လမ်းကြောင်း၊ စီးဆင်းသည့် ထုထည်၊ စီးဆင်းသည့် ပုံသဏ္ဌာန် နှင့် ၎င်းမှ ပေါ်ထွက်လာသော ရေနွေးငွေ့ တို့၏ ဖိအားကို ထိန်းချုပ်နိုင်ရန် အတွက်လည်း သုံးလေ့ ရှိကြသည်။