နွားပိန်ထူ လူဝှေ့ သည် မြန်မာ စကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက် ပြင်ဆင်ရန်

နွားပိန်ကို သနား၍ ထူထောင်ပေးလိုက်ရာ ထူထောင်ပေးသူကို ပြန်ဝှေ့သကဲ့သို့ ဒုက္ခရောက်နေသူကို သနား၍ စောင့်ရှောက်မိရာ စောင့်ရှောက်သူကိုပင် ပြန်၍ ဒုက္ခပေးသည်။

"ကျေးဇူးရှိမှ ကျေးစွပ်သည်။ နွားပိန်ထူ လူဝှေ့။" [၁၃၁၅] ဆက်ဆံ။

"မောင်လူရကိုလည်း မိမိအပေါ် သစ္စဖောက်သူ၊ ကျေးဇူးကို မထောက်ထားသူဟု မြင်ခဲ့သည်။ နွားပိန်ထူမှ လူဝှေ့သည်ဟုသာ မှတ်ချက်ချမိသည်။" [၁၃၄၀] တောင်လယ်၊ ၉၊ ၉။ ၁၆။

ကိုးကား ပြင်ဆင်ရန်