ပဌမ မိတ္တသုတ်သည် မြတ်စွာဘုရားက ရဟန်းတို့အား အဆွေခင်ပွန်းနှင့် ပတ်သက်၍ ဟောကြားတော်မူခဲ့သည့် သုတ္တန် ဖြစ်သည်။[၁]

ဟောကြားတော်မူခြင်း ပြင်ဆင်ရန်

မြတ်စွာဘုရားသည် ရဟန်းတို့အား အင်္ဂါခုနစ်မျိုးနှင့် ပြည့်စုံသော အဆွေခင်ပွန်းကို မှီဝဲအပ်ကြောင်း ဟောကြားတော်မူလေသည်။ ထို့နောက်တွင် မြတ်စွာဘုရားသည် ထိုအဆွေခင်ပွန်း၏ အင်္ဂါခုနစ်မျိုးတို့ကို အောက်ပါတို့ဖြစ်ကြောင်းကိုလည်း ဟောကြားခဲ့သည်။

အဆွေခင်ပွန်းသည် ပေးနိုင်ခဲသောအရာဝတ္ထုကို ပေး၏။ ပြုနိုင်ခဲသော အမှုကိုလည်း ပြု၏။ ထိုမှတစ်ပါးလည်း ထိုသူ၏ မကောင်းသဖြင့် ဆိုအပ်သောစကားတို့ကိုလည်းကောင်း၊ သည်းခံနိုင်ခဲသော အရာတို့ကိုလည်းကောင်း သည်းခံ၏။ ထိုသူအား မိမိ၏ လျှို့ဝှက်အပ်သော အရာကိုလည်း ပြောကြား၏။ ထိုသူ၏ လျှို့ဝှက်အပ်သောအရာကိုလည်း လျှို့ဝှက်၏။ ဘေးရန်ဖြစ်ပေါ်သောအခါတို့၌လည်း မစွန့်ပစ်။ ပစ္စည်းဥစ္စာကုန်ခြင်းကြောင့်လည်း မထီမဲ့မြင် မပြု။ ထိုကဲ့သို့သော အင်္ဂါခုနစ်မျိုးနှင့် ပြည့်စုံသော အဆွေခင်ပွန်းကို မှီဝဲအပ်၏ဟု မိန့်တော်မူလေသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ အင်္ဂုတ္တရနိကာယ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန်