ရှင်ဣန္ဒမဉ္စူ (၁၁၂၃ − ၁၂၀၅) သည် ဘကြီးတော်ဘုရားလက်ထက်တော်အခါက ပြည်ကြီးဝန်မောင်စံကိုးကွယ်တော်မူခဲ့သည့် ထင်ရှားသော ရဟန်းတစ်ပါး ဖြစ်သည်။[၁]

ဘဝ ပြင်ဆင်ရန်

ဆရာတော်ကို ၁၁၂၃ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၅ ရက်နေ့တွင် ပင်းတလဲမြို့စီရင်စု၊ ခွေးမြောင်ရွာတိုက်ဝင် လှည်းကူးမမြောက်ရွာတွင် ဖွားမြင်ခဲ့သည်။ မိဘနှစ်ပါးမှာ ဦးဘင်၊ ရှင်ကြီး ဖြစ်သည်။ ငယ်မည်မှာ ဦးကွယ်ဖြစ်သည်။ ငယ်စဉ်အခါကပင် မန်လည်ရွာတွင် ဦးရီးတော်စပ်သည့် ရှင်အာစာရထံတွင် ပညာများ သင်ကြားခဲ့သည်။[၁]

သာသာနာ့ဘောင်သို့ ဝင်ခြင်း ပြင်ဆင်ရန်

အသက် ၁၅ နှစ်အရွယ်တွင် သာမဏေဝတ်ခဲ့သည်။ စဉ့်ကူးမင်းလက်ထက်တွင် မန်လည်ဆရာတော်ထံတွင်ပညာသင်ကြားခဲ့သည်။ အသက် ၂၂ နှစ်အရွယ်သို့ ရောက်သည့်အခါ မန်လည်ဆရတော်ကို ဥပဇ္ဈာယ်ပြု၍ ရဟန်းဘောင်သို့ ဝင်ခဲ့သည်။ ရဟန်းပြုသည့်အခါ မဲထီးဆရာတော်၊ မုံတောဆရာတော်၊ တောင်ငူဆရာတော်တို့က ကမ္မဝါဥတ်တော်မူခဲ့သည်။

ဆရာတော်သည် အမရပူရမြို့ အရှေ့တောင်ယွန်း မိုးထိကျောင်းတောင်ဘက်ကျောင်းတွင ်သီတင်းသုံးသည်။ ဘကြီးတော်ဘုရားလက်ထက်တော်သို့ ရောက်သည့်အခါ ပြည်ကြီးဝန် မောင်စံပျော်က ကိုးကွယ်ခဲ့သည်။ သာယာဝတီမင်းလက်ထက်တွင် လက်ျာဝင်းမှူး စစ်တောင်းမြို့စားမင်းကြီး ကိုးကွယ်သည်။

ဆရာတော်သည် ဣန္ဒသာရသဒ္ဓမ္မဓဇမဟာဓမ္မရာဇဂုရုတံဆိပ်တော်ကို ခံယူရသည်။[၁]

ပျံလွန်တော်မူခြင်း ပြင်ဆင်ရန်

ဆရာတော်သည် ၁၂၀၅ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်နေ့တွင် ပျံလွန်တော်မူခဲ့သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၅၂။