ပရိုဂရမ်းမင်းဘာသာစကားများကို ပရိုဂရမ်းမင်းဘာသာစကားမျိုးဆက်များစွာ ခွဲခြားထားသည်။ သမိုင်းကြောင်းအရ ဤအမျိုးအစားခွဲခြားမှုသည် ပရိုဂရမ်စတိုင်လ်များတိုးတက်လာခြင်းကိုညွှန်ပြရန် အသုံးပြုခဲ့သည်။ နောက်ပိုင်းအရေးအသားများသည် အဓိပ္ပာယ်များကိုအနည်းငယ်ပြန်လည်သတ်မှတ်ခဲ့သည်။

Java programming code Simple
Simple Java Programming Code

မျိုးဆက် ပြင်ဆင်ရန်

ပရိုဂရမ်းမင်းဘာသာစကားမျိုးဆက်နဲ့ ပတ်သက်ပြီးတော့ ပရိုဂရမ်းမင်းကို စတင်သင်တဲ့သူတွေ တော်တော်များများ သိထားသင့်ပါတယ်။ မသိလို့ ဘာဖြစ်လည်းဆိုတော့ ဘာမှတော့မဖြစ်ပါဘူး။ သိထားတော့ လက်ရှိကိုယ်သုံးနေတာ ဘယ်မျိုးဆက်ကို ရောက်နေပြီလဲ။ ဒီမျိုးဆက်မတိုင်ခင်က ဘယ်ဘာသာစကားတွေ ရှိခဲ့လဲ။ အခု ကိုယ်လေ့လာနေတာက ဘယ်မျိုးဆက်လဲ။ စတာတွေကို သိရှိနိုင်ပါတယ်။

First Generation Language ( 1GL ) ပြင်ဆင်ရန်

1950 မတိုင်ခင်က UNIVAC I နဲ့ IBM 701 တို့ဟာ ပထမဆုံး machine language program လို့ ဆိုလို့ရပါတယ်။ သို့ပေမယ့် 1GL ဟာ လျင်မြန်စွာ ကုန်ဆုံးသွားပြီး 2GL ကို ကူးပြောင်းလာခဲ့ပါတယ်။

Second Generation Language ( 2GL ) ပြင်ဆင်ရန်

2GL ကတော့ လူသိများတဲ့ assembly language သို့မဟုတ် assembler ပေါ့။ assembler ကတော့ အခုထက်ထိတော့ အချို့နေရာတွေမှာ အသုံးချနေဆဲပါပဲ။

Third Generation Language ( 3GL ) ပြင်ဆင်ရန်

အဲဒီနောက်ပိုင်းမှာတော့ 3GL တွေ ဖြစ်တဲ့ FORTRAN , LISP, COBOL တွေ ထွက်ခဲ့ပါတယ်။ 3GL ဟာ ပိုမို ရေးသားရ လွယ်ကူလာပြီး အရင်တုန်းက machine code တွေနဲ့ မတူညီတော့ပါဘူး။ 3GL ဟာ general use အနေနဲ့ အသုံးချလာနိုင်ခဲ့ပါတယ်။ 3GL နဲ့ အတူတူ general purpos language တွေကိုလည်း ပေါ်ထွက်လာခဲ့ပါတယ်။

C language ကို 1969 နဲ့ 1973 ကြားမှာ developed လုပ်ခဲ့ပြီးတော့ အခုအချိန်ထိ popular ဖြစ်နေသေးတဲ့ langauge တစ်ခုပါ။ C ကို ထပ်ပြီးတော့ version အသစ်တိုးကာ 1980 မှာ C++ ကို ထုတ်ခဲ့ပါတယ်။ C++ က object-oriented နဲ့system programming တွေ ပါဝင်လာပါတယ်။

Third Generation နဲ့ အတူ လက်ရှိ အသုံးပြုနေတဲ့ general purpose programming language တွေကတော့ PHP, ASP, C, C++, Java, Javascript, Perl, Python, Pascal, Fortran တို့ ဖြစ်ပြီး သူတို့ဟာလည်း Third generation Language တွေပါပဲ။

Fourth Generation Language ( 4GL ) ပြင်ဆင်ရန်

Fourth generation language ကိုတော့ စီးပွားရေးဆိုင်ရာ business software တွေအတွက် ရည်ရွယ်ပြီး ဖန်တီးခဲ့ကြပါတယ်။ အချို့ 3GL ဟာ 4GL ထဲမှာ General Use အနေနဲ့ ပါဝင်လာပါတယ်။

Fifth Generation Language ( 5GL ) ပြင်ဆင်ရန်

5GL ကတော့ အဓိကအားဖြင့် programmer မလိုပဲနဲ့ program တွေကို တည်ဆောက်ဖို့အတွက် ရည်ရွယ်ထားတာပါ။ 5GL တွေကို အဓိကအားဖြင့် Artificial Intelligence research တွေ မှာ အဓိက အသုံးပြုပါတယ်။ Prolog , OPS5, Mercury တို့က 5GL example တွေပေါ့။

ကိုးကား ပြင်ဆင်ရန်

  • saturngod python