ပရိုတွန် (အင်္ဂလိပ်: proton) သည် ကွာ့ခ်၃ခုက ဒြပ်မှုန် ၁ခု သဖွယ် စုစည်းမှုကြောင့် ရလဒ်ဖြစ်ပေါ်နေသည့် အက်တမ်အောက်အမှုန် တစ်မျိုး ဖြစ်သည်။ လျှပ်ဓာတ်ပိုင်ဆိုင်မှုမှာ အီလက်ထရွန်နှင့် ပမာဏချင်းတူလျက် လက္ခဏာသဘာဝချင်း ဆန့်ကျင်ဘက် ဖြစ်သည်။ သဘာဝအားဖြင့် ပရိုတွန်တို့သည် အက်တမ်နျူကလိယ (nucleus) အဖြစ် ပါဝင်တည်ရှိတတ်သည်။ အီလက်ထရွန်၏ လျှပ်ဓာတ်ပမာဏနှင့် ယှဉ်ပြောရသော် ပရိုတွန်မှာ အဖို 2/3 unit (+⅔) ဆောင်သော အထက်ကွာ့ခ် နှစ်ခုနှင့် အမ 1/3 unit (-⅓) ဆောင်သော အောက်ကွာ့ခ် တစ်ခု ပါဝင်နေသဖြင့် လျှပ်စစ်အဖိုဓာတ် (positive charge) အသားတင် ဆောင်သည်။ ပရိုတွန်တစ်ခု၏ ဒြပ်ပမာဏမှာ 1.67262192369(51)×10−27 kg ဖြစ်၍ အီလက်ထရွန်ဒြပ်၏ အဆပေါင်း ၁၈၄၀ ခန့် ဖြစ်သည်။
အခြား အက်တမ်အောက်အမှုန် ဖြစ်သော နျူထရွန် နှင့်အတူ ပရိုတွန်တို့က နျူကလီးယပ်စ် အဖြစ် စုဖွဲ့တည်ရှိကြခြင်းဖြစ်သည်။ ထို့ကြောင့် ၎င်း နယူထရွန်နှင့် ပရိုတွန် ၂မျိုးလုံးကို ခြုံငုံ၍ နျူကလီယွန် ဟု ခေါ်နိုင်သည်။

Proton
The quark content of a proton. The color assignment of individual quarks is arbitrary, but all three colors must be present. Forces between quarks are mediated by gluons.
ခွဲခြားမှုBaryon
ပါဝင်မှု2 en:up quarks (u), 1 en:down quark (d)
စာရင်းဝင်ဖာမီယွန်
အတွင်းစည်းဒြပ်ဆွဲအားလျှပ်စစ်သံလိုက်အားပျော့အားပြင်း
သင်္ကေတ
p
,
p+
,
N+
, 1
1
H+
ဆန့်ကျင်ဘက်အမှုန်ဆန့်ကျင်ဘက်ပရိုတွန်
သီအိုရီပြုWilliam Prout (1815)
ရှာဖွေတွေ့ရှိခဲ့Observed as H+ by en:Eugen Goldstein (1886). Identified in other nuclei (and named) by Ernest Rutherford (1917–1920).
ဒြပ်ထု1.67262192369(51)×10−27 kg[၁]

938.27208816(29) MeV/c2[၂]

1.007276466621(53) Da[၂]
သက်တမ်း> 2.1×1029 years (stable)
လျှပ်စစ်+1 e
1.602176634×10−19 C[၂]
လျှပ်စစ်အချင်းဝက်0.8414(19) fm[၂]
Electric dipole moment< 5.4×10−24 e⋅cm
Electric polarizability1.20(6)×10−3 fm3
သံလိုက်ရွေ့လျားမှု1.41060679736(60)×10−26 JT−1[၂]

1.52103220230(46)×10−3 μB[၂]

2.79284734463(82) μN[၂]
Magnetic polarizability1.9(5)×10−4 fm3
စပင်1/2
အိုင်ဆိုစပင်1/2
Parity+1
CondensedI(JP) = 1/2(1/2+)


ကိုးကား ပြင်ဆင်ရန်

  1. 2018 CODATA Value: proton massThe NIST Reference on Constants, Units, and UncertaintyNIST (20 May 2019)။ 2019-05-20 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ ၂.၄ ၂.၅ ၂.၆ "2018 CODATA recommended values"