ပုခန်းမင်းသား (၁၁၄၅ – ၁၁၇၂) သည် သီချင်းကဗျာ အရေးအသား၊ အဆိုအတီး ကျွမ်းကျင်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။[၁]

ဘဝ ပြင်ဆင်ရန်

ပုခန်းမင်းသားကို ဘိုးတော်မင်းတရားကြီး အထွတ်အမြတ်သို့ ရောက်ပြီး ရွှေရေးဆောင်မိဖုရား သီရိမဟာသုဓမ္မဒေဝီ ရှင်ဝက် (ယင်းတိုက်ရွာလှိုင်းတက်၊ အမြင့်နှင့် ကာမမြို့စား) မှ ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ မောင်ဘဲကြီး ဖြစ်ပြီး ၁၁၄၅ ခုနှစ်တွင် ဖွားမြင်ခဲ့သည်။

ပုခန်းမင်းသားအား ခမည်းတော်ဖြစ်သူက မင်းရဲကျော်ခေါင်ဘွဲ့ဖြင့် ချီးမြှင့်ကာ မြန်အောင်မြို့စားအဖြစ် ခန့်အပ်ခဲ့သည်။ ၁၁၅၁ ခုနှစ်တွင် မဟာဓမ္မရာဇာဘွဲ့ကို ထပ်မံ၍ ချီးမြှင့်ခဲ့သည်။

၁၁၅၅ ခုနှစ်တွင် ပုခန်းမြို့ကို မြန်အောင်မြို့နှင့် လဲ၍ စားရသည်။ ပုခန်းမင်းသားသည် ခမည်းတော်က မျက်တော်မူ၍ မြစ်ညာသစ်တောသို့ အပို့ခံရရာ အောင်မြေသာစံ အစချီပတ်ပျိုးကြီးကို ရေးသားဆက်သွင်းသဖြင့် နေပြည်တော်သို့ ပြန်ခွင့်ရခဲ့သည်။[၁]

ကွယ်လွန်ခြင်း ပြင်ဆင်ရန်

ပုခန်းမင်းသားသည် ၁၁၇၂ ခုနှစ်တွင် အနိစ္စရောက်ခဲ့သည်။[၁]

စာပေများ ပြုစုခြင်း ပြင်ဆင်ရန်

ပုခန်းမင်းသားသည် အောက်ပါသီချင်းကဗျာများကို ရေးသားခဲ့သည်။

၁။ အောင်မြေသာစံချီ စသော ပတ်ပျိုးကြီးများ။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်: ဟံသာဝတီစာအုပ်တိုက်။ pp. ၂၃၅။